Breaking News

ပြန်လည်ပေါင်းစည်းမယ့် အရိပ်အယောင်ရှိနေတဲ့ Jonas Brothers အဖွဲ့

play

နစ်ခ်ဂျိုနာ့စ်ဟာ သူတို့ညီအစ်ကိုတတွေ အတူတကွ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို အင်စတာဂရမ်ကနေ မျှဝေလိုက်ရင်း ပရိသတ်တွေကို ခရစ္စမတ်မှာ ကျေနပ်မှုပေးခဲ့ပါတယ်။
နစ်ခ်ဂျိုနာ့စ်ဟာ ညီအစ်ကိုတွေဖြစ်တဲ့ ဂျိုးဂျိုနာ့စ်၊ ကယ်ဗင်ဂျိုနာ့စ်နဲ့ ဖရန်ကီဂျိုနာ့စ်တို့နဲ့အတူ ခရစ္စမတ်သစ်ပင်ကို အတူတကွအလှဆင်နေပုံကို အင်စတာဂရမ်ကနေ မျှဝေလိုက်တာပါ။

"ကယ်ဗင်၊ ဂျိုးနဲ့ ဖရန်ကီ..မင်းတို့ဟာ ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ။ မင်းတို့ကို အရမ်းချစ်တယ်။ #merrychristmas #happyholidays” လို့ ဓာတ်ပုံအောက်မှာ နစ်ခ်က ရေးသားထားပါတယ်။
ကယ်ဗင်၊ ဂျိုးနဲ့ နစ်ခ်တို့ဟာ သီချင်းသစ်ထုတ်လွှင့်မယ်လို့ မကြေညာပေမယ့် အခုလို သူတို့ကို ဓာတ်ပုံတစ်ပုံထဲမှာ ပြန်မြင်ရတာကိုက ပျော်စရာကောင်းလှပါတယ်။
ဒါပေမဲ့ အခုလို ညီအစ်ကိုတတွေ အခုလို တစည်းတလုံးဖြစ်နေပြီဆိုတော့ အခုချိန်ကစလို့ သူတို့အဖွဲ့ရဲ့သီချင်းသစ်ကို နားဆင်ရဖို့ မျှော်လင့်ချက်ကိုလည်း ထားနိုင်ပြီမဟုတ်လား။
play

 ကယ်ဗင်၊ ဂျိုးနဲ့ နစ်ခ်ဂျိုနာ့စ်တို့ ညီအစ်ကိုသုံးဦးပါဝင်တဲ့ Jonas Brothers ဟာ အမေရိကန်ပေါ့ပ်ရော့ခ်ဂီတအဖွဲ့ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ ဒါပေမဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ အဖွဲ့ကို ဖျက်သိမ်းခဲ့တဲ့အတွက် သူတို့ကို အားပေးတဲ့ပရိသတ်မှာ ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရပါတယ်။
Source & Photos : eonline   Credit :duwun