Breaking News

အဝေးရောက်ချစ်သူတွေအတွက် The Kissinger အနမ်းပေးကိရိယာ



တစ်မြို့တစ်နယ်စီ ခွဲနေရတဲ့ ချစ်သူတွေ အင်တာနက်ကနေတဆင့် တစ်ယောက်ကိုတစ်ယောက် မြင်တွေ့နိုင်၊ စကားတွေ ပြောဆိုနိုင်ကြပါတယ်။ ဒါပေမယ့် ရင်ချင်းအပ် နမ်းတာကျတော့ရော။ The Kissinger ဆိုတာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း စမ်းသပ်နေတဲ့ gadget တစ်ခုဖြစ်ပြီး ချစ်သူစုံတွဲတွေ အင်တာနက်ကတဆင့် တစ်ယောက်ကိုတစ်ယောက် အနမ်းခြွေစေနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အရောင်တောက်တောက် စမတ်ဖုန်းအိတ်/အစွပ်တစ်ခုဖြစ်ပြီး အောက်ခြေမှာ နှစ်လိုဖွယ်ပလတ်စတစ်ပြားလေးရှိပါတယ်။ အဲဒီအပြားလေးနဲ့ နှုတ်ခမ်းအပ်ပြီး တစ်ဘက်က သင့်လက်တွဲဖော်ရဲ့ဖုန်းနဲ့ ပူးကပ်ထားတဲ့ အလားတူအပြားလေးကတဆင့် အာရုံခံစားမှု ကူးပြောင်းစေမှာဖြစ်ပါတယ်။

"အနမ်းပေးတာက ရင်းနှီးမှုနဲ့ ခင်မင်မှုကို အနက်ရှိုင်းဆုံးပြသတာပါပဲ" လို့ ယင်းကိရိယာရှေ့ပြေးပုံစံဖန်တီးသူ Emma Yann Zhang က ရှင်းပြပါတယ်။ "ဒါက ကျွန်ုပ်တို့အတွက် အချစ်ရေးဆက်ဆံမှုမှာ သံယောဇဉ်တွယ်တာနေဖို့နဲ့ ရင်းနှီးချစ်ခင်မှုကို ထိန်းသိမ်းဖို့ နည်းလမ်းတစ်ခုပါပဲ" လို့ သူမက ပြောပြခဲ့ပါတယ်။

ပြီးတော့ စိတ်ဖိစီးမှုလည်း လျှော့နည်းစေတယ်။ ဒီလို ခန္ဓာကိုယ်ချင်းထိတွေ့မှုမျိုး ရရှိတဲ့အခါ သွေးပေါင်လည်းကျတယ်လို့ ဆိုပါတယ်။ ဒီ Kissinger ဟာ နှုမ်းချင်းတေ့နမ်းနေမှုကို receiving device ဆီ ဖမ်းယူကူးပြောင်းပေးတဲ့ pressure sensors နဲ့ actuators တွေနဲ့ အလုပ်လုပ်စေပြီး videocalling app တစ်ခုကနေတဆင့် တစ်ဘက်လူအတွက် ပျော်ရွှင်မှုခံစားစေတာ ဖြစ်ပါတယ်။

"မိဘတွေအနေနဲ့ အလုပ်ကြောင့် အဝေးရောက်နေတဲ့အခါ မိမိကလေးတွေကို ပါးပြင်ကို အနမ်းပေးနိုင်တယ်" လို့လည်း ကိရိယာတီထွင်ဖန်တီးသူတွေက ဆိုပါတယ်။ နောက်တစ်ဆင့် Kissenger မှာတော့ အနံ့အသက်ခံကိရိယာ ဖန်တီးသွားဖို့ ရှိတယ်လို့ Zhang ရှင်းပြသွားပါတယ်။ ဒီတော့ မိမိအနမ်းပေးသူရဲ့ တကယ့်အနံ့အသက်ကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

Ref: Mirror