Breaking News

Marvel ဇာတ်ကောင် နာဇီလူဆိုးနဲ့တူအောင် ခွဲစိတ်ပြုပြင်ခဲ့သူ

play
ဗင်နီဇွဲလားမှာ နေထိုင်တဲ့ ဟင်နရီရော့ရီဂူးစ်ဟာ သူနှစ်ခြိုက်တဲ့ Marvel ကာတွန်းဇာတ်ကောင် Red Skull နဲ့တူအောင် ခွဲစိတ်ပြုပြင်မှုများစွာပြုလုပ်ခဲ့ရာ ဒေါ်လာ ၃၈,၀၀၀ ကျော်  (မြန်မာငွေ သိန်း ၅၀၀ ခန့်) ကုန်ကျခဲ့ပါတယ်။
Red Skull ဟာ ၁၉၄၇ ခုနှစ်မှာ ထုတ်တဲ့ Marvel ကာတွန်းစာအုပ်ထဲမှာ Captain America ရဲ့ နာဇီရန်သူတော်ကြီးအဖြစ် မိတ်ဆက်ထားပါတယ်။
play

ယင်းလူဆိုးကြီးဟာ ၂၀၁၁ ခုနှစ်မှာ ပြသခဲ့တဲ့ Captain America: The First Avenger ဇာတ်ကားထဲမှာ ပါဝင်ထားပြီး Red Skull အဖြစ် ဟူဂိုဝေ့ဗီးက သရုပ်ဆောင်ထားပါတယ်။
play
ဟင်နရီဟာ သူအကြိုက်ဆုံးဇာတ်ကောင်နဲ့ တူဖို့အတွက် သူ့ရဲ့နဖူးမှာ ဘုလုံးတွေ ထည့်သွင်းခြင်း၊ နှာခေါင်းဖြတ်ခြင်းနဲ့ မျက်လုံးမှာ တက်တူးထိုးခြင်းအပါအဝင် ပြုပြင်မှုများစွာ ပြုလုပ်နေပါတယ်။
play

သူ့ရဲ့သွင်ပြင်က ကြောက်စရာကောင်းလှပေမဲ့ ပျော်ရွှင်စရာ မိသားစုဘဝကို ပိုင်ဆိုင်ထားသူပါ။ သုံးနှစ်အရွယ် သူ့သားလေးက သူ့ကို Red Skull လို့ခေါ်ကာ ချစ်ခင်နေတုန်းပါပဲ။
play

Source & Photos : the Sun  Credit :duwun