Breaking News

အရည်အသွေးကောင်းမွန်ပြီး ရှာရလွယ်ကာ ဈေးနှုန်းသင့်တင်တဲ့ Moisturizer များ



မိတ်ကပ်တွေက အရေပြားပေါ်မှာ ရှိတဲ့ အပြစ်အနာအဆာတွေကို ဖုံးအုပ်ပေးနိုင်တယ်ဆိုပေမယ့် တကယ့်အရေးကြီးတဲ့အထဲမှာ အသားအရေကောင်းဖို့လည်းပါပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါ အသက်ကြီးလာရင် အရေအကြောင်းတွေဖြစ်လွယ်တာ၊ မှဲ့ခြောက်နဲ့တင်းတိပ်တွေထွက်လာတာ စသည်ဖြင့်ဖြစ်တတ်ပါတယ်။ ကျွန်မတို့ အရေပြားကို ထိန်းသိမ်းတဲ့အခါ မပျက်စီးအောင် မခြောက်သွေ့အောင် ထိန်းသိမ်းလေ့ရှိပါတယ်။ ဘာနဲ့ထိန်းသိမ်းသလဲလို့မေးလာရင်တော့ ကျွန်မတို့ Moisturizerနဲ့ ထိန်းသိမ်းတယ်လို့ အဖြေများမှာပါ။

Moisturizerတွေကလည်း တကယ့် အဓိကနေရာမှာပါဝင်ပါတယ်။ နေ့စဉ် မနက်တစ်ခါ ညတစ်ခါ ထိတွေ့နေရတဲ့အထဲမှာ Moisturizerတွေ ပါဝင်ပါတယ်။ အရည်အသွေးကောင်းမွန်ပြီး ရှာရလွယ်ကူတဲ့ Moisturizerတွေကိုတော့ လူတိုင်းသုံးချင်ကြမှာပါ အထူးသဖြင့် ဈေးလည်းသင့်တင့်မယ်ဆိုရင်ပေါ့။ ဒါကြောင့် ရှာရလွယ်ကူပြီး ဈေးသင့်တင့်တဲ့ Drugstore Moisturizerတွေကို တစ်စုတစ်စည်းတည်း ဖော်ပြပေးလိုက်ပါတယ်။

Neutrogena Oil-Free Acne Moisturizer Pink Grapefruit
Cream Formulaက  salicyclic acidနဲ့ပေါင်းစပ်ထားတာဖြစ်ပြီး ရနံ့လေးသင်းလို့ လန်းဆန်းစေမှာပါ။ ၀က်ခြံတွေကို ဖယ်ရှားပေးနိုင်ပြီး ဈေးနှုန်းကလည်း $6ပါ။

CetaphilDermaControl Oil Control Moisturizer
အသားအရေကို ချောမွေ့စေပြီး SPFပါဝင်တဲံဖော်မြူလာက အသားအရေ အဆီပြန်ခြင်းကို ထိန်းသိမ်းထားနိုင်မှာပါ။ အရက်မျိုးစုံပေါင်းစပ်ထားပြီး စုပ်ယူနိုင်တဲ့silica၊ အဆီထုတ်လုပ်မှုကို စနစ်ကျစေတဲ့ Zincနဲ့ polymethyl methacrylateတို့ပါဝင်ပါတယ်။ SPF 30ပါဝင်ပြီးဈေးနှုန်းကတော့ $19ပါ။

Aveeno Positively Radiant Daily Moisturizer
သုံးစွဲသူတွေ အားပေးထောက်ခံချက်ရထားတဲ့ ပစ္စည်းလည်းဖြစ်ပါတယ်။ အလွန်ပေါ့ပါးတဲ့ ဖော်မြူလာက  အရေပြားအတွင်းပိုင်းကို စက္ကန့်ပိုင်းမှာ စိမ့်ဝင်သွားပြီး အသားအရေကို ရေဓာတ်ဖြည့်ပေးပါတယ်။ နေရောင်ခြည်ဒဏ်က ကာကွယ်ပေးပြီး အသားအရေကိုတောက်ပြောင်နေစေပါတယ်။ $14ကျသင့်မှာဖြစ်ပါတယ်။

L'Oréal Paris Revitalift Triple Power Day Lotion SPF 30
နေ့စဉ်သုံးလို့ရတဲ့ Moisturizer Lotionပုံစံဖြစ်ပြီး ရေဓာတ်ဖြည့်တင်းပေးပါတယ်။ အသားအရေကို ညီညာအောင်လုပ်ဆောင်ပေးပြီး အရေအကြောင်းနဲ့အမည်းစက်တွေကို လျော့ပါးစေပါတယ်။ဈေးနှုန်းကတော့ $20ပါ။

AvèneHydranceOptimale Rich Cream
ရေဓာတ်ဖြည့်ဝပေးတဲ့ဖော်မြူလာကို အပြည့်အ၀ ပေးစွမ်းထားပြီး အသားအရေချောမွေ့နူးညံ့စေဖို့ Brandရဲ့ သင်္ကေတဖြစ်တဲ့ Thermal Spring Waterကို ထည့်သွင်း အသုံးပြုထားပါတယ်။ဈေးနှုန်းက $32ပါ။ Drugstore Brandတစ်ခုအနေနဲ့ဆို သုံးရတာ နည်းနည်းတော့ ဈေးများပါတယ်။

Eucerin Daily Protection Moisturizing Face Lotion
မြန်မာနိုင်ငံကလူတွေနဲ့ ရင်းနှီးနေမယ့် Brandတစ်ခုလည်း ဖြစ်ပြီး Fragrance –Free Formulaနဲ့ ထုတ်လုပ်ထားတာပါ။ Sensitive Skin Typeတွေအတွက် အဆင်ပြေစေမယ့် ပစ္စည်းကောင်းတစ်ခုဖြစ်ပြီး လျင်မြန်စွာစုပ်ယူနိုင်ခြင်းနဲ့ ရေဓာတ်အပြည့်အ၀ဖြည့်ပေးတာက သူ့ရဲ့အားသာချက်တွေပါ။ဈေးနှုန်းကတော့ $8ပါ။

Garnier Ultra Lift Miracle Sleeping Cream Night Cream
ညလိမ်း ခရင်မ် အမျိုးအစားဖြစ်ပြီး လျင်မြန်စွာ အသားထဲကို စိမ့်ဝင်နိုင်ပါတယ်။ အပင်ကရတဲ့ပစ္စည်းတွေနဲ့လာဗင်ဒါရနံ့က အသားအရေတင်မကပဲ စိတ်ကပါ လန်းဆန်းစေမှာပါ။ လွယ်လွယ်ကူကူဝယ်ယူလို့ရနိုင်ပြီး ဈေးနှုန်းကတော့ $15ဖြစ်ပါတယ်။

Nivea Soft Cream
Niveaဆို မသိတဲ့သူမရှိပါဘူး။ ပျော့ပျောင်းနူးညံ့တဲ့ ခရင်မ်လေးတွေမှာ ဗီတာမင် Eအမြောက်အမြားနဲ့ Jojoba oilပါဝင်ပြီး အသားအရေကို ချောမွေ့ပြီး နူးညံ့စေပါတယ်။ဈေးနှုန်းက $6ပါ။

Olay Complete All Day Moisturizer Normal Skin SPF 15
အဖြူရောင် နွားနို့လို အရည်အမျိုးအစား Olay Complete All Day Moisturizer Normal Skin SPF 15က အံအားသင့်ဖွယ် ပေါ့ပါးပြီးရေဓာတ်ဖြည့်တင်းပေးပါတယ်။ စေးကပ်မှုလုံးဝမရှိတဲ့အပြင် Sun Protectionကိုပါ ထပ်ထည့်ပေးထားပါတယ်။ဈေးနှုန်းက $8ပါ။

Sonia Kashuk Radiant Boost Restorative Facial Oil
ဈေးနှုန်းကလွဲပြီး ကျန်တာတွေက အမိုက်စားပါ။ ပိုးသားလို နူးညံ့တဲ့အထိအတွေ့၊ရနံ့တွေနဲ့ Dewy Finishဖြစ်ခြင်းတို့က ခြောက်သွေ့နေတဲ့အရေပြားကို ချက်ချင်းနူးညံ့ပြီး အစိုဓာတ်ရသွားမှာပါ။ဈေးနှုန်းက $16ကျသင့်မှာဖြစ်ပါတယ်။

Yes to Coconuts Ultra Hydrating Soufflé Moisturizer
နူးညံ့တဲ့ ခရင်မ်ပုံစံက Yes to Coconuts Ultra Hydrating Soufflé Moisturizerကို ရွေးချယ်ဖို့ အကောင်းဆုံးအကြောင်းပြချက်ပါပဲ။ ချိုအီတဲ့အုန်းသီးရနံ့နဲ့ ရေဓာတ်ဖြည့်ပေးနိုင်တဲ့အစွမ်းတွေရှိပြီး အဆီပြန်တဲ့သူတွေကတော့ ညဘက်မှာပဲ အသုံးပြုသင့်ပါတယ်လို့ဆိုပါတယ်။

EmbryolisseLait Cream Concentrate
သင်ကပေါ့ပါးပြီး သင့်ရဲ့မိတ်ကပ်ကို ကောင်းကောင်းတာရှည်ခံစေမယ့် Moisturizerကို ရှာနေတယ်ဆိုရင်တော့ EmbryolisseLait Cream Concentrateက ကူညီပေးနိုင်ပါလိမ့်မယ်။ဈေးနှုန်းကတော့ $16ပါ။

 Credit :Trend Myanmar