Breaking News

Nutella နဲ့ ဆံပင်အရောင်ဆိုးနိုင်



DIY အလှအပရေးရာ ချစ်သူတွေက သင့်မှာရှိတဲ့ပစ္စည်းတွေနဲ့ ဘယ်လို ပြင်ဆင်ရမလဲဆိုတာသိကြပါတယ်။ ဒါ့အပြင် Beauty junkiesတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ဝေမျှပေးဖို့သဘောကျကျပြီး တစ်ချို့တွေကနည်းလမ်းဆန်းဆန်းတွေကို စိတ်ဝင်စားကြပါတယ်။ အိမ်ကမီးဖိုချောင်မှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းတွေကိုလည်း အသုံးချတတ်ကြပါတယ်။ ဥပမာအားဖြင့် ဆံပင်ကိုMarshmallowနဲ့ ကောက်တာမျိုး၊ ဘီယာနဲ့ မျက်နှာသစ်တာ ဒါမှမဟုတ် ဦးရေပြားကို Tumericနဲ့ ပွတ်တိုက်တာမျိုးတွေပေါ့။ ကျွန်မတို့ နည်းအမျိုးမျိုး စမ်းကြည့်ခဲ့ဖူးမှာပါ။
 
ချောကလက်ပေါင်းစပ်ထားတဲ့ သစ်အယ်သီးအရသာဟာပေါင်မုန့်နဲ့စားရင်တောင် အရမ်းအရသာရှိလွန်းပါတယ်။ ဆံပင်ပေါ်မှာဆိုရင်ရော။ တွေးကြည့်ရင်နည်းနည်းတော့ ထူးဆန်းပေမယ့် United Arab Emiratesမှာရှိတဲ့ Saloonတစ်ခုမှာတော့ အညိုရောင် ဆံပင်ကာလာရဖို့ Nutellaကိုသုံးတယ်လို့ဆိုပါတယ်။ ဒီအချက်ကို အခြေခံပြီး Beirutအခြေစိုက် Stylist Abed Allahitaniကတော့ သူရဲ့ဖောက်သည်အတွက် ဆံပင်ဆေးဆိုးဖို့ Nutellaကို အသုံးပြုခဲ့ပါတယ်။ Stylist Abed Allahitaniက Nutella သုံးပြီး ဆံပင်အရောင်ကို ဘယ်လိုပြောင်းလဲလိုက်လဲဆိုတာကို သူ့ရဲ့Instagramမှာ ဗီဒီယိုတင်ခဲ့ပါတယ်။ ပုံမှန်မဟုတ်တဲ့ အဆိုပါ နည်းလမ်းကNutellaနဲ့နို့ဆီကိုပေါင်းစပ်ထားတာဖြစ်ပြီး တောက်ပြောင်တဲ့အညိုရောင်သွင်ပြင်ကို ရရှိစေတယ်လို့ ဆိုပါတယ်။ ဒီNutellaကိုဆံပင်မှာ လိမ်းတာနဲ့ပတ်သက်ပြီး ဖြေရှင်းချက်တွေမရှိပေမယ့် ရလဒ်ကတော့ တကယ်ပဲညှို့ယူဖမ်းစားနိုင်ပါတယ်။ 
 
အရင်ဆုံးဆံပင်ကို Bleachလုပ်ပြီး Nutellaကို လိမ်းထားပြီး ဆံပင်ကို  ပြန်နက်စေပါတယ်။  ပြီးသွားတဲ့အခါမှနို့ဆီကို ထပ်လိမ်းလိုက်ပါတယ်အကုန်လုံးကို ရေဆေးချလိုက်တဲ့အခါမှာတော့ အံအားသင့်ဖွယ်ရွှေညိုရောင်ကို ရရှိသွားပါပြီ။ ဒီနည်းလမ်းကိုကြည့်ချင်းအားဖြင့်နို့ထွက်ပစ္စည်းတွေကနေ ဆံပင်အတွက် အာဟာရဖြစ်စေတယ်လို့ သိနိုင်မှာပါ။
 
Abed Allahitaniက အဆိုပါနည်းလမ်းဟာနှစ်ပတ်ကနေသုံးပတ်အထိ ခံပြီး သကြားညိုရောင်ကိုပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။ ပိုပြီး တောက်ပတဲ့အရောင်ကိုရဖို့ နည်းနည်းကြာကြာထားဖို့ လိုအပ်ပြီး Nutellaမှာပါတဲ့ အဆီအနှစ်တွေက ဆံသားကို အမိုက်စားဖြစ်စေပါတယ်။ Nutellaနည်းလမ်းကို ကျွန်မတို့နည်းနည်း စမ်းသပ်ကြည့်ဖို့တော့လိုတယ်လို့ ရှင်တို့ရော မထင်မိဘူးလား။
 
Ref:popsugar