Paper မဂ္ဂဇင်းအတွက် ဆက်စီအကျဆုံး ဓာတ်ပုံတွေ ရိုက်ကူးပေးခဲ့တဲ့ ဘယ်လာဟက်ဒီး

play

ကင်မ်ကာဒါရှီယန်ရဲ့ ကိုယ်လုံးတီးဓာတ်ပုံကို ၂၀၁၄ ခုနှစ်က အသုံးပြုခဲ့တဲ့ Paper မဂ္ဂဇင်းဟာ အခုလည်း ဘယ်လာဟက်ဒီးရဲ့ ဆက်စီအကျဆုံး ပုံတွေကို အသုံးပြုလိုက်ပြန်ပါတယ်။
play

ပြီးခဲ့တဲ့သီတင်းပတ်က Victoria's Secret လျှောက်လမ်းပေါ်မှာ ပထမဆုံးအကြိမ် လျှောက်လှမ်းခဲ့တဲ့ အသက် ၂၀ အရွယ် မော်ဒယ်လေးဟာ ပုံတိုင်းမှာ သူမရဲ့ရင်သားတွေကို လှစ်ဟပြသထားပါတယ်။
သူမရဲ့လုပ်ငန်းအပေါ် စိတ်ပါဝင်စားမှုအပြည့်ရှိတဲ့ စူပါမော်ဒယ်လေးဟာ သရုပ်ဆောင်အလုပ်ကို ဝါသနာပါကြောင်း ဖွင့်ဟခဲ့ပါတယ်။
play

"အဲဒါက ပျော်စရာကောင်းတယ်လို့ ထင်တယ်။ ဓာတ်ပုံအတွက်တင်မဟုတ်ဘဲ ရုပ်ရှင်အတွက် ကင်မရာရှေ့ကို ရပ်ရတာ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတယ်" လို့ သူမက ဆိုခဲ့ပါတယ်။
play

လောလောဆယ်မှာတော့ ဟောလိဝုဒ်ကို အိပ်မက်သာမက်နိုင်သေးပြီး သူမရဲ့ပုံစံအမှန်ကို ချပြနိုင်ဖို့ မနည်းကြိုးစားနေရတယ်လို့ ဘယ်လာက ဝန်ခံခဲ့ပါတယ်။
"ကျွန်မက မပြုံးဘူး၊ ကိုယ်ပိုင်ဟန်မရှိဘူးလို့ လူတွေက ပြောနေကြတယ်" လို့ သူမက ယင်းမဂ္ဂဇင်းကို ပြောခဲ့ပါတယ်။
Source & Photo : Mirror Credit :duwun


Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.