ဟောလိဝုဒ်မင်းသမီးတွေ အနုပညာကြေးမမျှတကြောင်း ငြီးတွားတဲ့သူက Rogue One မှာ အနုပညာကြေးအများဆုံးရ

play

ဟောလိဝုဒ်မင်းသမီးတွေရဲ့ အနုပညာကြေးဟာ မင်းသားတွေနဲ့ယှဉ်ရင် နည်းပါးနေတဲ့အပေါ် မကျေနပ်တဲ့အကြောင်း ဖလစ်စီတီဂျုန်းစ်က ပွင့်ပွင့်လင်းလင်း ထုတ်ပြောဖူးပါတယ်။ သူမအနေနဲ့တော့ သူမရဲ့အားထုတ်မှုနဲ့ ထိုက်တန်တဲ့ အနုပညာကြေးကိုသာ မျှမျှတတရလိုပါတယ်လို့လည်း ပြောဖူးသူပါ။
play

လက်ရှိ ရုံတင်ပြသနေတဲ့ Star Wars : Rogue One မှာ ပါဝင်ထားသူတွေရဲ့ အနုပညာကြေးတွေ ထွက်ပေါ်လာချိန်မှာတော့ ဂျုန်းစ်ရဲ့အနုပညာကြေးက အများဆုံးဖြစ်နေတာကို သိလိုက်ရပါတယ်။ သူမက ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Jyn Erso နေရာမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အမျိုးသားသရုပ်ဆောင်တွေထက်လည်း ပိုပြီးများတယ်လို့ သိရပါတယ်။
Source : THR   Credit :duwun

Share on Google Plus

About Myanmar Magazine