Breaking News

Running Man အစီအစဉ်မှ ရရှိမယ့်ငွေလက်ကျန်ကို လှူဒါန်းမယ့် ဂျီဟိုနဲ့ဂျုံးဂု

play

Running Man အစီအစဉ်မှာ ပါဝင်ခြင်းအတွက် ရရှိမယ့် လက်ကျန်ငွေ အားလုံးကို လှူဒါန်းသွားမယ်လို့ ဆောင်းဂျီဟိုနဲ့ ကင်ဂျုံးဂုက ပြောပါတယ်။ အစီအစဉ်ကနေ ထွက်ခွာမယ်ဆိုတဲ့အကြောင်းကိုလည်း နှစ်ယောက်လုံးရဲ့ အေဂျင်စီက တစ်ပြိုင်နက်တည်း ကြေညာခဲ့ကြပါတယ်။ အစီအစဉ်ကို ဖေဖော်ဝါရီအထိ ထုတ်လွှင့်သွားမှာဖြစ်တဲ့အတွက် ရရှိမယ့်ငွေကြေးတွေအားလုံးကို လှူဒါန်းမှာဖြစ်ကာ လှူဒါန်းရမယ့်နေရာကို စဉ်းစားနေကြတယ်လို့လည်း သိရပါတယ်။
play

ဇန်နဝါရီမှာစမယ့် အစီအစဉ်သစ်မှာ နှစ်ယောက်လုံးကို ထုတ်ပယ်ထားမှန်း သိလိုက်ရပြီးနောက်မှာ ကျန်အဖွဲ့ဝင်တွေကလည်း ဆက်လက်ပါဝင်ဖို့ ဆန္ဒမရှိတော့တာကြောင့် Running Man အစီအစဉ် နိဂုံးချုပ်သွားခဲ့ရပါတယ်။ ဒါပေမဲ့ မတ်လအထိ နိုင်ငံခြောက်ခုကိုသွားရောက်မယ့် Running Man Tour ပရိသတ်တွေ့ဆုံပွဲကိုတော့ ဂျီဟိုက တက်ရောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဂယ်ရီနဲ့ ယူဂျယ်ဆော့ကတော့ ပရိသတ်တွေ့ဆုံပွဲတွေကိုပါ ပါဝင်လာကြတော့မှာမဟုတ်ပါဘူး။
Source : Koreaboo, All Kpop  Credit :duwun