Breaking News

မရှိမဖြစ် လိုအပ်တဲ့ Skincare အလှကုန် (၃) ခု

play

အသားအရည် ထိန်းသိမ်းဖို့က အမျိုးသမီးတွေရော အမျိုးသားတွေမှာပါ လိုအပ်တဲ့အရာပါ။ မိတ်ကပ်လိမ်းခြင်းက ခနတာ လှပပေမယ့် အဲ့ဒီမိတ်ကပ်ကပဲ အသားအရည်ကို ပျက်စီးစေနိုင်ပါသေးတယ်။ ဒါ့အပြင် ရာသီဥတုနဲ့ ပတ်ဝန်းကျင်ကြောင့်လည်း အသားအရည် ပျက်စီးတတ်လို့ အသားအရည်ကို ဂရုစိုက်ပေးဖို့မမေ့ပါနဲ့။

၁။ နေရောင်ကာလူးဆေး

နေရောင်ခြည်ဆိုတာ နံနက်ခင်းရဲ့ နေခြည်နုနုကလွဲရင် မထိလေ ကောင်းလေပါပဲ။ ဒါပေမဲ့ နေရောင်နဲ့ ကင်းလွတ်ဖို့ မဖြစ်နိုင်တဲ့အခါမှာတော့ နေရောင်ကာလူးဆေးကို နေ့ဘက်မှာ လိမ်းထားပေးဖို့ လိုအပ်ပါတယ်။

၂။ မျက်နှာသန့်စင်ဆေး

နေ့ဘက်မှာ လိမ်းထားတဲ့ မိတ်ကပ်တွေကို ညမအိပ်ခင် ဖျက်ပစ်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ နေ့ခင်းဘက် အပြင်ထွက်တဲ့အခါ မျက်နှာမှာ ဖုန်တွေ၊ သဲတွေနဲ့ အညစ်အကြေးတွေ ကပ်ငြိနေလို့ မျက်နှာသန့်စင်ဆေးနဲ့ စနစ်တကျ သန့်စင်ဆေးကြောပေးပြီးမှ ညအိပ်ပါ။

၃။ အစိုဓာတ်ဖြည့်ခရင်မ်

အဓိက လိမ်းရမှာ ညဘက်ပါ။ ညဘက် အိပ်ယာမဝင်ခင်မှာ အစိုဓာတ်ဖြည့် ခရင်မ်ဖြစ်ဖြစ် ညလိမ်းခရင်မ် ဖြစ်ဖြစ် တစ်ခုခုကို လိမ်းပေးထားရင် ပျက်စီးနေတဲ့ အသားအရည်တွေကို ပြုပြင်ထိန်းသိမ်းပေးပါတယ်။
Photo : beautytipsblog