အမြွှာနှစ်ယောက်ရဲ့ဖခင် ဖြစ်လာတဲ့ Supernatural မင်းသား

play

Supernatural ဇာတ်လမ်းတွဲနဲ့ ပရိသတ်အခိုင်အမာရထားတဲ့ အမေရိကန်မင်းသား ဂျန်ဆန်အက်ကဲစ်က အမြွှာကလေးနှစ်ယောက်ရဲ့ဖခင်ဖြစ်လာကြောင်း အင်စတာဂရမ်ကတစ်ဆင့် ကြွားလိုက်ပါတယ်။ အက်ကဲစ်ရဲ့ဇနီး သရုပ်ဆောင် ဒန်နီးလ်ဟားရစ်က ဒီဇင်ဘာ ၂ ရက်နေ့မှာ သားတစ်ဦး၊ သမီးတစ်ဦး အမြွှာကို မွေးဖွားပေးခဲ့တာပါ။

" ဒန်နီးလ်၊ JJ (သမီးကြီး ဂျက်စတစ်ဂျေး) နဲ့ ကျွန်တော်ရော အမြွှာလေးနှစ်ယောက်ဖြစ်တဲ့ Zeppelin Bram နဲ့ Arrow Rhodes တို့ မွေးဖွားတဲ့အကြောင်းကြေညာဖို့ စိတ်လှုပ်ရှားနေကြပါတယ်" လို့ ဂျန်ဆန်က အင်စတာဂရမ်ပေါ်မှာ ပုံလေးတစ်ပုံနဲ့အတူ တင်ထားပါတယ်။ ကလေးတွေရောမိခင်ပါ ကျန်းကျန်းမာမာရှိကြတယ်လို့လည်း ဆိုတယ်။

Share on Google Plus

About Myanmar Magazine