The X Factor Myanmar ရဲ့ Winner ထွန်းနောင်ဆင့်

play

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်တဲ့ The X Factor Myanmar ပြိုင်ပွဲမှာ ပရိသတ်မဲအရေအတွက် အများ ဆုံး ရရှိခဲ့ပြီး Winner ဖြစ်ခဲ့သူကတော့ ထွန်းနောင်ဆင့် ဖြစ်ပါတယ်။ နောက်ဆုံးဆန်ခါတင်အဆင့်ကို ရောက်ရှိလာတဲ့ ပြိုင်ပွဲဝင်များက မိမိတို့ ကြိုက်နှစ်သက်ရာ သီချင်းတစ်ပုဒ်နဲ့ ကျားပေါက်ရေးစပ်ထားတဲ့ Winner Song ကို သီဆိုကာ ပြိုင်ပွဲ ဝင်ခဲ့ရတာ ဖြစ်ပါတယ်။
play

Winner ဆုရရှိခဲ့တဲ့ ထွန်းနောင်ဆင့်ကတော့ နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ "ယုံကြည်ရာ" သီချင်းကို ရွေးချယ်ယှဉ်ပြိုင်ခဲ့ပြီး အဲဒီသီချင်းသီဆိုမှုကို အားမရသော်လည်း Winner Song ဖျော်ဖြေမှုကို အားရခဲ့တယ်လို့ သူက ဖျော်ဖြေပွဲမှာ ပြောပြခဲ့ပါတယ်။
The X Factor Myanmar ပြိုင်ပွဲရဲ့ Winner ကို  တစ်နိုင်ငံလုံးက လာရောက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင် တစ်ထောင် ကျော်မှ အဆင့်ဆင့်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဒိုင်လူကြီးများအဖြစ် တေးရေးဇဝါ၊ အဆိုတော် စည်သူလွင်၊ ငယ်ငယ်နဲ့ အိမ့်ချစ်တို့က တာဝန်ယူဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
Source : 7day Daily
Photo  : The X Factor Myanmar ဖေ့စ်ဘွတ်
Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.