ဖေ့စ်ဘွတ်ခ်မှာ unfriend လုပ်သင့်တဲ့ လူ (၇) မျိုး

play

၁ - နိုင်ငံရေး
နိုင်ငံရေးနဲ့ ပတ်သက်ပြီး သူ့အထင် သူ့အမြင်တွေကို တစ်ချိန်လုံးတင်နေသူ။
၂ - အဆိုးမြင်သူ
စိတ်ဖိစီးမှုဟာ ကူးစက်တတ်တဲ့ စိတ်အခြေအနေဖြစ်တယ်လို့ သုတေသနအချို့က ပြောထားပါတယ်။ ဘာမဆို အဆိုးမြင်ပို့တွေပဲ တင်နေသူကို unfriend လုပ်သင့်ပါတယ်။
play

၃ - အဟောင်းတွေ
ရည်းစားဟောင်း၊ သူငယ်ချင်းဟောင်းတွေထဲက ကိုယ့်စိတ်အခန့်မသင့်စရာတွေပဲ တင်နေသူတွေကို unfriend လုပ်သင့်ပါတယ်။
၎ - အကောင်းဆုံးတွေ
၂၀၁၅ ခုနှစ်က သုတေသနတစ်ခုအရ ဖေ့ဘွတ်ဟာ လူတွေကို စိတ်ဓာတ်ကျတဲ့ ခံစားချက်တွေဖြစ်စေတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့တွေ့ရှိချက်အရ ဖေ့ဘွတ်မှာ တင်တဲ့စာသားတွေ၊ ပုံတွေကိုကြည့်ပြီး ကိုယ့်ဘဝနဲ့ နှိုင်းယှဉ်ကာ စိတ်ဓာတ်ကျ ခံစားချက်တွေ ရလာတာဖြစ်တယ်လို့ သိရပါတယ်။ ဖေ့ဘွတ်ပေါ်ရောက်ရင် တစ်ဘဝလုံးအကောင်းဆုံးတွေပဲ ရနေသူလို ပုံစံမျိုးတွေကို unfriend လုပ်ချင်ရင် ချပါ။
၅ - အာရုံစိုက်ခံချင်သူတွေ
တစ်နေကုန် ဘာတွေနဲ့ တွေ့နေမှန်းမသိဘူး ...ဘာညာဆိုပြီး သူများထက်ပိုပြီးကို နေ့တိုင်းတင်နေသူတွေပါ။ ဖေ့စ်ဘွတ်ခ် ပေါ်ရောက်ရင် လူတွေရဲ့ အာရုံစိုက်မှုကို သူများထက် ပိုခံချင်နေသူတွေပါ။
play

၆ - ငကြွားတွေ
ဘာမဆို သူများထက် ပိုသူတွေပါ။ ဘယ်ခရီးထွက်တယ်၊ ဘာဝယ်တယ်၊ ဘယ်လိုလူတွေနဲ့အတူရှိခဲ့တယ် ဘာညာဆိုပြီး တစ်ချိန်လုံးကြွားနေသူတွေပါ။
၇ - ဘယ်လိုလူမျိုးဖြစ်ပါစေ
ဘယ်လိုလူမျိုးဖြစ်ပါစေ သင့်ကို အကြီးအကျယ်ကို စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုရင် unfriend လုပ်ပါ။ unfriend လုပ်လို့ မကောင်းဘူးဆိုလည်း unfollow လုပ်ပါ။
Photos & Source: Huffignton  

Credit :duwun  
Share on Google Plus

About Myanmar Magazine