Breaking News

Victoria's Secret မော်ဒယ် Stella Maxwell နဲ့ဒိတ်လုပ်နေတဲ့ Kristen Stewart



ကဲ နောက်ထပ် အနုပညာရှင်စုံတွဲတစ်တွဲတော့ ထပ်တိုးလာပြန်ပါပြီ။ အဲ့ဒါကတော့ Twilight မင်းသမီး Kristen Stewart နဲ့ Victoria's Secret မော်ဒယ် Stella Maxwellတို့ စုံတွဲလေးပါပဲ။ သူတို့နှစ်ယောက်ဟာ လက်ရှိမှာ ဒိတ်လုပ်နေကြတယ်လို့ သတင်းထွက်နေတဲ့အပြင် စူပါမော်ဒယ်ဟာလက်ရှိမှာ လော့အိန်ဂျယ်လိစ်က Kristen Stewart အိမ်မှာပဲ နေနေတယ်လို့တောင် သိရပါတယ်။

အခြား ကြားသိရတဲ့သတင်းတွေအရတော့ သူတို့နှစ်ယောက်ဟာ Kristen ဇာတ်ကားသစ် Lizzie ရိုက်ကူးရာ Savannahနဲ့ Georgia မှာပါ အတူအချိန်ဖြုန်းခဲ့ကြတာပါတဲ့။ ရိုက်ကွင်းမှာပါ အတူရှိခဲ့ကြတဲ့ သူတို့စုံတွဲကြည့်ရ တာတော့ တော်တော်လေး ပျော်နေကြတဲ့ပုံပါပဲ။

သူတို့နှစ်ယောက်စဆုံတွေ့ဖြစ်ခဲ့တဲ့နေရာကတော့ မေလတုန်းက ကျင်းပခဲ့တဲ့ Met Gala ပွဲမှာပါ။ ပွဲမှာ ရင်းနှီးသွားခဲ့ပြီးပြီး ချင်းပဲ နှစ်ယောက်ကား ကားတစ်စီးပေါ် အတူတက်သွားကြတာလို့ သိရပါတယ်။

Credit :Trend Myanmar