ဆယ်ဖီရူးသွပ်သူတွေ ရှိထားသင့်တဲ့ Vivo V5



ဆယ်ဖီစွဲလန်းမှုဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်တက်လာတယ်ဆိုတာ လူမှုမီဒီယာပေါ် တစ်နေ့တစ်နေ့ တက်လာတဲ့ဓာတ်ပုံပို့စ်ပေါင်း မြောက်များစွာက သက်သေပါပဲ။ ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင် အရင်ဦးဆုံး ကြည့်တာက ရှေ့ကင်မရာ ကောင်းမကောင်းဆိုတာ သံသယဖြစ်စရာမလိုတဲ့ အချက်ဖြစ်ပါတယ်။

ဖုန်းကင်မရာကောင်းကောင်းရှိထားတာက အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ အကြောင်းက ကျွန်ုပ်တို့အားလုံးဟာ မိမိတို့ဘဝကို သေချာမှတ်တမ်းတင် သိမ်းဆည်းချင်ကြလို့ပဲ ဖြစ်ပါတယ်။ ကင်မရာကောင်းများစွာ စမ်းကြည့်ဖူးပါလိမ့်မယ်။ အလင်းအမှောင်လည်း သိပ်ကောင်းကြပါလိမ့်မယ်။ ဒါပေမယ့် ညဘက် အလင်းရောင် သိပ်မရှိတဲ့ နေရာတွေမှာ ဆယ်ဖီရိုက်ချင်ရင် ဘယ်လိုလုပ်မလဲ။

အဲဒီလိုအချိန်မှာ သင့်မှာ Vivo V5 မရှိပါက ဘယ်ဖုန်းကမှ သင့်ကို အကူအညီပေးနိုင်မှာ မဟုတ်ပါဘူး။ ဟုတ်ပါတယ်။ သင်ဟာ ဆယ်ဖီရိုက်တာ သဘောကျသူဆိုရင် Vivo V5 က အဖော်မွန်ဖြစ်ပါတယ်။ ဒီဖုန်းက ဆယ်ဖီနဲ့ပတ်သက်ရင် သင်တွေးထင်ထားတာထက် သာလွန်ပါတယ်။ ဖုန်းတော်တော်များများမှာ ရှေ့ဘက် flash မီး ရှိကြပေမယ့် ပြားချပ်ချပ်အဖြူရောင် flash မီးက ဆယ်ဖီကို ကြည့်မလှစေပါဘူး။ ဒါပေမယ့် V5 မှာတော့ ရှေ့ကင်မရာ 20 megapixel နဲ့အတူ သဘာဝကျကျ လင်းလက်စေတဲ့ ဆယ်ဖီပုံတွေ ရိုက်ကူးနိုင်စေပါတယ်။

လရောင်လျှမ်းအလင်းရောင်နဲ့ 20 MP အရည်အသွေးနဲ့အတူ ဆယ်ဖီအတွက် အလိုအလျောက်နဲ့ စိတ်ကြိုက်ရွေးချယ်စရာအမျိုးမျိုး ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်စေမယ့် Face Beauty Mode ပါဝင်ပါတယ်။ ဒီဖုန်းရဲ့ အကောင်းဆုံးအချက်တွေထဲက တစ်ခုက ရိုပီး ၁၇,၉၉၉ ပဲရှိပြီး မီးခိုးရောင်နဲ့ ရွှေရောင် အရောင်နှစ်မျိုးဖြင့် ရနိုင်ပါတယ်။ ၀.၂ စက္ကန့်အတွင်းဖွင့်မယ့် မြန်ဆန်တဲ့ လက်ဗွေစနစ်လည်း ပါရှိပါတယ်။

RAM 4GB နဲ့အတူ 64-bit 1.5GHz octa MediaTek 6750 processor နဲ့ မောင်းနင်လည်ပတ်စေပါတယ်။ Storage အပိုင်းက internal memory 32GB ထိ ပံ့ပိုးပေးထားပြီး 128GB ထိ memory  ထပ်စိုက်နိုင်ပါတယ်။ အားလုံးခြုံကြည့်ရင် ဆယ်ဖီဝါသနာအိုးတွေ ရှိသင့်တဲ့ အကောင်းဆုံးဖုန်းတွေထဲက တစ်ခုဖြစ်ပါတယ်။

Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine