Breaking News

Wi-Fi က အသံတိတ် လူသတ်သမားဖြစ်လာနေကြောင်း ပညာရှင်များကထောက်ပြ



ခေတ်သစ်လူ့အဖွဲ့အစည်းမှာ အင်တာနက်ကို လူတိုင်းစွဲလန်းလာကြပါတယ်။ ဒါကြောင့်Wi-Fiအသုံးပြုမှုကလည်း ပိုပြီးတော့ကျယ်ပြန့်လာခဲ့ပါတယ်။ လူတိုင်းအတွက် Wi-Fi သုံးလို့ရတယ်ဆိုရင် ပျော်စရာကောင်းတဲ့ သတင်းတစ်ခုဖြစ်နိုင်ပေမဲ့ ကျန်းမာရေးရှုထောင့်ကကြည့်ရင် ထိခိုက်စရာတွေ အများကြီးရှိတာကိုတွေ့ရပါတယ်။ ကျွန်မတို့ အများစုတွေးမထားမိတတ်တဲ့ အချက်တစ်ခုကWi-Fiနဲ့ ထိတွေ့မှုကြောင့် ရောဂါရှိနိုင်တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ဗြိတိန် ကျန်းမာရေးအေဂျင်စီတစ်ခုက ပြုလုပ်တဲ့ သုတေသနတစ်ခုအရ ထပ်ဆင့်လွှင့်စက်တွေက လူတွေရော အပင်တွေရောနှစ်မျိုးစလုံးရဲ့ ကြီးထွားဖွံ့ဖြိုးရေးနဲ့ ကျန်းမာရေးအခြေအနေကို ထိခိုက်စေနိုင်ကြောင်းသက်သေပြခဲ့ကြပါတယ်။ Wi-Fi ထပ်ဆင့်လွှင့်စက်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင်အသုံးပြုနိုင်စေဖို့အတွက် ဒီစက်ပစ္စည်းတွေကိုထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ တိကျတဲ့ လုပ်ထုံးလုပ်နည်းစည်းကမ်းတွေကို လိုက်နာဖို့လိုအပ်ပါလိမ့်မယ်။ Wi-Fiလွှင့်စက်တွေနဲ့ ကြိုးမဲ့ စက်ကိရှိယာတွေကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေးအန္တရာယ် အချက်အလက်အချို့ကိုပြောပြပေးချင်ပါတယ်။

Wi-Fiနဲ့ထိတွေ့မှုကြောင့် ရရှိနိုင်တဲ့ ရောဂါတွေကတော့ နားကိုက်ခြင်း၊ မကြာခဏ ဆိုးဆိုးရွားရွားခေါင်းကိုက်ခြင်း၊ အချိန်ကာလအတော်ကြာပင်ပန်းနုံးချိမှုကို ခံစားနေရခြင်းနဲ့ အိပ်မပျော်တဲ့ရောဂါတွေဖြစ်စေနိုင်တာပါပဲ။ ဒီနေရာမှာ အီလက်ထရောနစ် ကိရိယာတစ်ခု ကြိုးမပါဘဲနဲ့ Wi-Fiလွှင့်စက်နဲ့ ချိတ်တဲ့နည်းက အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ Wi-Fiလွှင့်စက်နဲ့ ချိတ်မိဖို့အတွက် ကြိုးမဲ့စက်ကိရိယာတွေဖြစ်တဲ့ ကွန်ပျူတာတွေ၊ လက်ပ်တော့ပ်တွေ၊ ဖုန်းတွေက လျှပ်စစ်သံလိုက်လှိုင်းတွေကိုထုတ်ပေးပါတယ်။ ဒီလှိုင်းတွေက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကိုထိခိုက်စေတာပဲဖြစ်ပါတယ်။

ဒါကြောင့် Wi-Fiကိုအသုံးမပြုတဲ့အချိန်တွေမှာပိတ်ထားပေးခြင်းကသင့်ကလေးရဲ့ ကြီးထွားမှုကိုထိခိုက်စေတဲ့ လျှပ်စစ်သံလိုက်လှိုင်းထုတ်လွှင့်မှုကိုကာကွယ်ပေးနိုင်ပါတယ်။ လှိုင်းထုတ်လွှင့်မှုကိုလျှော့ချဖို့အတွက် ကြိုးမဲ့စနစ်မသုံးဘဲ ကြိုးနဲ့ချိတ်ဆက်အသုံးပြုပါ။ Wi-Fiလွှင့်စက်ကို အိပ်ခန်းနဲ့ မီးဖိုချောင်ထဲမှာဘယ်တော့မှ မထားပါနဲ့။ အိပ်ယာမဝင်ခင် Wi-Fiစက်ကို ဖြုတ်ထားဖို့ မမေ့ပါနဲ့။

Credit :Trend Myanmar