Breaking News

အမျိုးသားတွေ သင့်ကို ဒီမေးခွန်းတွေ မေးတဲ့အခါ အဖြေကို YES လို့ပဲ အမြဲကြားချင်တတ်ကြတာ



အမျိုးသားတွေဟာ ကိုယ့်ချစ်သူဆီကနေ သူတို့ပေးထားတာထက်ပိုရရှိထားတယ်ဆိုတဲ့ အဖြေမျိုးကို အမြဲကြားချင်နေတတ်ပါတယ်။ ဒါ အမျိုးသားတိုင်းပါပဲ၊ ကိုယ်ကဘာရယ်မဟုတ် သူတို့တော်ကြောင်း၊ သူတို့ချောကြောင်း၊ ဘယ်လောက် ဆွဲဆောင်မှုရှိကြောင်း ပြောပေးလိုက်မယ်ဆိုရင် သူတို့စိတ်ထဲ အကျေနပ်ကြီး ကျေနပ်နေတတ်ကြပါတယ်။ ဒီလိုခံစားမှုမျိုး အမျိုးသမီးတွေမှာသာ ရှိတာမဟုတ်ပါဘူး။ အမျိုးသားတွေကလည်း အဲ့ဒီလိုအပြောခံချင်တတ်ကြတာပါပဲ။ ဒါ့အပြင် အမျိုးသားတွေဟာ သူတို့ချစ်တဲ့ အမျိုးသမီးတွေကို မကြာခဏ ထူးထူးဆန်းဆန်း မေးခွန်းတွေ မေးတတ်ကြပြီး ဒီမေးခွန်းတွေ သင့်ဘက်က YES လို့ အဖြေပေးလိုက်တာနဲ့ သူတို့ဘ၀ပြီးပြည့်စုံသွားသလို ခံစားသွားတတ်ကြပါတယ်။ ဘာတွေများလဲကြည့်ကြရအောင်။

၁။ မောင်က ချစ်ဘ၀ကို ပြောင်းလဲပေးနိုင်ခဲ့သလား။ ချစ်နဲ့တွဲခဲ့ဖူးတဲ့သူတွေထဲမှာ ချစ်ဘ၀ကို နားလည်အပေးနိုင်ဆုံးက မောင်လား။
၂။ ကိုကတော့ မင်းမှမင်းဖြစ်နေပါပြီ။ မင်းကရော ကိုချစ်သလို ချစ်ရဲ့လား။
၃။ ကိုယ်က သ၀န်တိုတတ်တယ်။ ကိုယ်ကလွဲပြီး တခြားယောင်္ကျားတွေဆီ အီးမေးလ်တွေပို့တာမျိုး၊ ဖုန်းဆက်အီတာမျိုးတွေ မလုပ်ဖူးလို့ကတိပေးပါလား။
၎။ ကို့အနေနဲ့ ဘယ်အချိန်မဆို အားလုံး မင်းအတွက်ပဲဖြစ်နေရမယ်။ မင်းကရောကိုယ်နဲ့အမြဲ တွဲချင်ပါ့မလား။ ကိုယ့်ကို အချိန်ပေးနိုင်မှာလား။
၅။ ချစ်မိဘတွေကို ကို့ မိဘလိုပဲသဘောထားတယ်။ ချစ်ကရော ကို့ရဲ့မိဘတွေကို လေးစားပြီးချစ်ရဲ့လား။
၆။ ဘယ်အရာကိုမဆို အမြဲတမ်း အမှန်အတိုင်းပြောမယ်။ ကိုယ့်ကိုရော အဲ့ဒီလိုပဲ ပြောပေးနိုင်မလား။
၇။ နှစ်ဦးသား အတူတူ ရုန်းကန်ရင်း ဘ၀ကိုဖြတ်ကျော်ကြမယ်ဆိုရင်ကိုယ့်ကို ချစ်ယုံနိုင်သလား။
၈။ ကိုဟာ ချစ်စိတ်ထဲက လက်ထပ်ချင်တဲ့ အမျိုးသားပုံစံမျိုး ဟုတ်ရဲ့လား စတဲ့ မေးခွန်းမျိုးတွေပါပဲ၊

ဒီလိုမေးခွန်းမျိုးတွေ သူတို့မေးလာခဲ့ရင် သင့်ဘက်က Yes ဟုတ်ကဲ့ အဖြေမျိုးပေးမယ်ဆိုရင် သူတို့စိတ်ထဲ သူတို့ကိုယ်သူတို့ယုံကြည်ချက်ပိုတိုးပွားသွားသလို၊ နှစ်ဦးသားဆက်ဆံရေးကလည်း ရှေ့တစ်လှမ်းပိုတိုးသွားပါလိမ့်မယ်။ အမျိုးသားတွေဟာ ဒီလိုမေးခွန်းမျိုးတွေ မေးတဲ့အခါ အဖြေမပေးပဲ အချိန်အကြာကြီးစဉ်းစားနေတာမျိုး။ ဒါမှမဟုတ် ဒါပေမယ့် ဆိုတဲ့ စကားနဲ့ဆက်ပြီး ဖြည့်စွက်ပြောတာမျိုးတွေကို သဘောမကျတတ်ကြပဲ သူတို့ချစ်တဲ့သူတွေဆီက ကြားချင်တတ်တာ YES ဆိုတဲ့ အဖြေတစ်ခွန်းတည်းကိုပါ။

Credit :Trend Myanmar