အမျိုးသမီးတွေ ကြွေတဲ့ အမျိုးသားတွေရဲ့ အပြုအမူများ



အမျိုးသမီးတွေအနေနဲ့ အရပ်ရှည်တဲ့ အမျိုးသားကိုပဲ သဘောကျတယ်ဆိုတာမျိုး၊  ဗလတောင့်တဲ့အမျိုးသား၊ ဆံပင်ရှည်ပြီး တက်တူးရှိတဲ့ အမျိုးသားတွေကိုသာ သဘောကျတယ်ဆိုတာမျိုး တစ်ယောက်အကြိုက်တစ်မျိုး ရှိတတ်ကြပေမယ့် ဘယ်အမျိုးသမီးကိုမဆို လုံးဝကြွေစင်းသွားစေမယ့် အမျိုးသားတွေရဲ့ အပြုအမူတွေကတော့ သီးသန့်ရှိနေပါတယ်။ ကဲ အမျိုးသားတွေရဲ့ ဘယ်လိုအပြုအမူ အပြောအဆိုတွေက အမျိုးသမီးတွေရဲ့ အသည်းနှလုံးကို ဆုပ်ကိုင်နိုင်သလဲဆိုတာ ကြည့်ရအောင်။

၁။ ကိုယ်ပြောထားတဲ့ စကားတွေကို အချိန်ကြာသွားတောင် မှတ်မိနေတဲ့ အမျိုးသား
အမျိုးသမီးတွေဟာ သင် သူတို့အပေါ် သင်ဘယ်လောက်အာရုံစိုက်သလဲ၊ ဂရုစိုက်သလဲဆိုတဲ့အချက်ကို အမြဲအလေးထားစောင့်ကြည်တတ်ကြပါတယ်။ ဒီတော့ သင်ကသာ သူတစ်ခါပြောထားတဲ့ စကားကို အချိန်ကြာတောင် မှတ်မိနေမယ်ဆိုရင် အမှတ်တွေရနေပြီပေါ့။ ဒါ့အပြင် တစ်ချို့အရာတွေကို မှတ်မိရုံတင်မကပဲ အကောင်အထည်ပါ ဖော်ပြနိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။

၂။ ကိုယ်နိုးထတဲ့အချိန် သူက အသင့်နိုးနေပြီး ကိုယ်နဲ့အတူ မနက်စာ စားတတ်တဲ့အမျိုးသား
အမြဲတမ်းမဟုတ်တောင် အချိန်တော်တော်များများမှာ ကိုယ်နဲ့အတူ မနက်အိပ်ယာထပြီး မနက်စာ အတူတူ ကူလုပ်ပေးတယ်။ ကော်ဖီအတူတူသောက်ပေးတတ်တဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ နှလုံးသားကို ပိုင်စိုးထားသူတွေပါ။

၃။ တစ်နေ့တာလုံး ကိုယ့်ကိုပွေ့ဖက် တတ်တဲ့အမျိုးသား
ကိုယ်နဲ့အတူရှိချိန်တိုင်း ကိုယ့်ကို ပွေ့ဖက်ထားတတ်သလို ကိုယ့်လက်ကလေးကို ကိုင်လိုက်၊ ပါးလေးကို နမ်းလိုက် လုပ်နေတတ်တဲ့ အမျိုးသားတွေကိုလည်း အမျိုးသမီးတွေက ကြွေနေတတ်ပါတယ်။

၎။ နေမကောင်းတဲ့အခါ ဘေးနားကနေ ကိုယ့်ကို အသေးစိတ် ဂရုစိုက်ပြုစုပေးတတ်တဲ့ အမျိုးသား
အမျိုးသမီးတွေဟာ နေမကောင်းတဲ့အခါ သာမာန်အချိန်တွေထက် အားငယ်တတ်ကြပါတယ်။ ဒါ့အပြင် ကိုယ့်ကို ဂရုစိုက်ပြီး ပြုစုပေးတာကိုလည်း လိုချင်တတ်ကြပါတယ်။ ဒါ့ကြောင့် သူတို့နေထိုင်မကောင်းဖြစ်တဲ့အခါ သူ့ဘေးနားကနေ လိုလေသေးမရှိ ပြုစုစောင့်ရှောက်ပေးတဲ့ အမျိုးသားဆိုရင် သူတို့ အရမ်းကိုတွယ်တာသွားတတ်ပါတယ်။

၅။ ချက်ပြုတ်တတ်တဲ့ အမျိုးသား
ဟင်းချက်၊ ထမင်းချက်တယ်ဆိုတာ အမျိုးသမီးတွေမှ လုပ်ရတဲ့အရာမဟုတ်ပါဘူး။ ဒါကို အမျိုးသားတွေ လုပ်ဆောင်တဲ့အခါ အမျိုးသမီးတွေအတွက် တကယ်ကို ဆွဲဆောင်မှုရှိပြီး ဘယ်တော့မှ မေ့လို့မရတော့တဲ့ အမှတ်တရကို ဖန်တီးပေးလိုက်သလိုပါပဲ။

၆။ ကိုယ့်ကိုစိတ်ပူပေးတတ်တဲ့ အမျိုးသား
ကိုယ်နေမကောင်းရင် ကိုယ့်ကိုပြုစုပေးတတ်သလို ကိုယ်အလုပ်သွားတဲ့အချိန် အလုပ်မှာ ထမင်းသေချာစားရဲ့လား၊ အလုပ်မှာ အဆင်ပြေရဲ့လား၊ နေရောကောင်းရဲ့လားဆိုပြီး စိတ်ပူပေးတတ်တဲ့ အမျိုးသားတွေကိုလည်း အမျိုးသမီးတွေက စိတ်ထဲ အမှတ်ပြည့်ပေးနေတတ်ပါတယ်။

၇။ စားသောက်ဆိုင်သွားတဲ့အခါ ကိုယ့်အတွက် ဘာကော်ဖီမှာပေးရမလဲဆိုတာ သိတဲ့ အမျိုးသား
ကိုယ့်ကို ဂရုစိုက်တဲ့သူဆို၇င် ကိုယ်ဘာကြိုက်လဲ၊ တစ်နေရာရာရောက်ရင် ကိုယ်ဘာမှာစားသလဲဆိုတာကို သိကိုသိနေပါလိမ့်မယ်။ စားသောက်ဆိုင်ရောက်တဲ့အခါ ကိုယ်စားမယ့် အစားအစာ၊ သောက်မယ့်ကော်ဖီကို ကိုယ့်ထက်အရင် ဦးအောင် မှာပေးထားတာမျိုးဟာ အမျိုးသမီးတွေအတွက် ကြွေသွားစေတဲ့အရာပဲပေါ့။

Credit :Trend Myanmar



Share on Google Plus

About Myanmar Magazine Onilne