Breaking News

ဆက်စီဓာတ်ပုံရိုက်ဖို့ အရမ်းအိုနေပြီလို့ ပြောခံလိုက်ရတဲ့ ဂျနီဖာလိုပက်စ်


play

ဂျနီဖာလိုပက်စ်ဟာ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သူမရဲ့အောက်ပိုင်းအလှကို ပြသထားပြီး ဆက်စီကျကျ ပို့စ်ပေးနေတဲ့ ဓာတ်ပုံတစ်ပုံကို အင်စတာဂရမ်ကနေ မျှဝေခဲ့ပါတယ်။ ယင်းဓာတ်ပုံဟာ ၁၀ နာရီအတွင်း Like ၅ သိန်းကျော် ရရှိခဲ့ပေမဲ့ သူမကို ကြည့်ကောင်းတယ်လို့ မထင်သူအချို့ ရှိနေခဲ့ပါတယ်။
“Getting too old for this”..“You look old here”.. “You old bih” ဆိုတဲ့ ကွန်မန့်တွေကို တွေ့မြင်လိုက်ရပါတယ်။ အသက် ၄၇ နှစ်အရွယ် ဂျေလိုဟာ ပုံအောက်မှာ "mood on a rainy day" ဆိုတဲ့ စာသားလေး ရေစားပြီး မျှဝေခဲ့တာ ဖြစ်ပါတယ်။
play

ဂျနီဖာလိုပက်စ်ဟာ သူမထက် ၁၇ နှစ်ငယ်တဲ့ ဒရိတ်ခ်နဲ့ တွဲနေတာဖြစ်တဲ့အတွက် သူမရဲ့ အသက်အရွယ်ကို ကဲ့ရဲ့ချင်သူတွေ ရှိနေကြပါတယ်။ ဂျေလိုဟာ အသက် ၃၀ အရွယ် ဒရိတ်ခ်နဲ့ တွဲဖို့ အသက်ကြီးလွန်းနေပြီလို့လည်း တချို့က ပြောနေကြပါတယ်။ Savagery ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက ဆိုရင် အသက် ၃၀ အရွယ် ဂျေလိုနဲ့ ဒရိတ်ရဲ့ ငယ်ဘဝပုံကို ဘေးချင်းယှဉ်ပြသရင်း "တစ်နှစ်တည်းမှာ ရိုက်ကူးခဲ့ကြတာ" လို့ ရေးသားခဲ့ပါတယ်။
play

အဲဒီပုံထဲမှာ ဂျေလိုဝတ်ထားတဲ့ အဝတ်အစားဟာ ၂၀၀၀ ခုနှစ်တုန်းက ဓာတ်ပုံတစ်ပုံထဲက အဝတ်အစားနဲ့ တူညီနေတဲ့အတွက် ဒရိတ်ခ်ရဲ့ ဓာတ်ပုံနဲ့ တစ်နှစ်ထဲမှာပဲ ရိုက်ကူးထားတာ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒရိတ်ခ်ကို သဘောကျတဲ့သူတွေ ဒါမှမဟုတ် ဒရိတ်ခ်ရဲ့ရည်းစားဟောင်း ရီဟားနားရဲ့ ပရိသတ်တွေကတော့ ဂျေလိုရဲ့အသက်ကို ထောက်ပြနေကြဦးမှာပါပဲ။

ဂျနီဖာလိုပက်စ်ဟာ အိမ်ထောင် ၃ ဆက်ကျဖူးပြီး တတိယမြောက်အိမ်ထောင် မာ့ခ်အန်သိုနီနဲ့ ရတဲ့ အသက် ၈ နှစ်အရွယ် အမြွှာ သားနဲ့သမီး ရှိပါတယ်။
Source & Photos : inquisit