Breaking News

အာဆင်နယ်အသင်း ကစားသမား ခြောက်ဦးနှင့် စာချုပ်သက်တမ်း တိုးနိုင်ရန် ဆွေးနွေးမည်




အာဆင်နယ်အသင်းသည် အသင်းရှိ ကစားသမားခြောက်ဦးနှင့် စာချုပ်သက်တမ်းတိုးမည့် ကိစ္စရပ်များ စတင်ဆွေးနွေးမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ အာဆင်နယ်အသင်းနှင့် ဆွေးနွေးမည့် ကစားသမားများမှာ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့သည့် ဝီလ်ရိုင်းယား၊ ကီရန် ဂစ်ဘ်၊ ချိန်ဘာလိန်၊ မာတီဆက်ကာတို့ ဖြစ်ပြီး အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့ကိုလည်း စာချုပ်သက်တမ်းတိုးရန် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။



ဘုန်းမောက်အသင်းတွင် အငှားချထားသည့် ဂျက်ဝီလ်ရိုင်းယားမှာ အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်မရပါက အသင်းမှထွက်ခွာရန်ရှိနေပြီး ကွင်းလယ်ကစားသမား အိုဇေးလ်မှာလည်း အာဆင်ဝင်းဂါး အသင်းတွင် ဆက်ရှိမှသာ စာချုပ်ကိစ္စ ဆွေးနွေးမည် ဖြစ်ကြောင်း ပြောဆိုထားသည်။ ထို့အတူ တောင်ပံ တိုက်စစ်မှူး ဆန်းချက်ဇ်မှာလည်း တစ်ပတ်လုပ်ခလစာ ပိုမိုရရှိလိုနေပြီး အာဆင်နယ်အသင်း ပေးချေမည့်လုပ်ခ နှင့် ကွာဟမှု ရှိနေသေးကြောင်း ဗြိတိန်သတင်းစာများတွင်ဖော်ပြသည်။ ဘယ်နောက်ခံ ကစား သမားတစ်ဦးဖြစ်သည့် ကီရန်ဂစ်ဘ်မှာ ပုံမှန် ပွဲထွက်ခွင့်မရသဖြင့် စာချုပ်သက်တမ်းတိုးရန် ခက်ခဲဖွယ်ရှိနေသည်။ အာဆင်နယ်အသင်းမှာ တိုက်စစ်မှူး အိုလီဗီယာဂျရူး၊ နောက်ခံလူ ကိုစီယယ်နီ နှင့် ကွင်းလယ်ခံစစ်ကစားသမား ကိုကွီလင်တို့ကိုမှု စာချုပ်သက်တမ်း တိုးမြှင့်ထားပြီး ဖြစ် ကြောင်း သိရသည်။