Breaking News

ချစ်ရည်လူးခန်းကို ၉ နာရီကြာ ရိုက်ကူးခဲ့ရပြီးနောက် ငိုကြွေးခဲ့ရတဲ့ ဆီယန်နာမီလာ

play

ဟောလိဝုဒ်မင်းသမီး ဆီယန်နာမီလာဟာ မင်းသား ဘန်အက်ဖလက်ခ်နဲ့ ချစ်ရည်လူးခန်းတွေကို ၉ နာရီလုံးလုံး ရိုက်ကူးပြီးချိန်မှာ မျက်ရည်လည်ရွဲဖြစ်ခဲ့ရတယ်လို့ ဆီယန်နာက ပြောခဲ့ပါတယ်။
ဘန်အက်ဖလက်ခ်ကိုယ်တိုင် ရေးသားရိုက်ကူးတဲ့  Live By Night ဒရာမာဇာတ်ကားမှာ ဘန်အက်ဖလက်ခ်နဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးဟာ အမ်မာဂူးဒ်ဆိုတဲ့ အိုင်းရစ်အမျိုးသမီးအဖြစ် အဲဒီဇာတ်ကားထဲမှာ သရုပ်ဆောင်စဉ် စိတ်ဖီစီးမှုတွေများခဲ့တဲ့ နေ့တစ်နေ့အကြောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
play

"ဘန်နဲ့ ကျွန်မက မောင်နှမတွေလိုပါပဲ။ အဲဒါကြောင့် ဘာမှ ကသိကအောင့်မဖြစ်ခဲ့ရဘူး။ ခဏခဏရယ်မိတာပဲ ရှိတယ်။ သူက ကျွမ်းကျင်သူ တစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်မကတော့ မဟုတ်ဘူး" လို့ သူမက ဆိုပါတယ်။
play

"အဲဒီထဲမှာ ကျွန်မတို့တွေ နေရာတိုင်းမှာ ချစ်ရည်လူးတဲ့ ဇာတ်ဝင်ခန်းပါတယ်။ ကားထဲမှာ၊ ဘားထဲမှာ အစုံပဲ" လို့ သူမက ဆိုပါတယ်။
"၉ နာရီလည်း ကြာသွားရော တစ်ကိုယ်လုံးတုန်ရီပြီး မျက်နှာပေါ် မျက်ရည်တွေ စီးကျလာတယ်" လို့ သူမက ပြောပြပါတယ်။
play

ဘန်အက်ဖလက်ခ် ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ဒါရိုက်တာလုပ်ထားတဲ့အပြင် ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားတဲ့ Live By Night ဇာတ်ကားကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ကစတင်လို့ ရုံတင်ပြသနေပါပြီ။
Source & Photos : Mirror