Breaking News

အိပ်မက်ထဲမှာ မိန်းမက ဖောက်ပြန်တဲ့အတွက် အိပ်ရာနိုးနိုးချင်း မိန်းမဖြစ်သူကို သတ်ဖို့ကြိုးစားခဲ့ယောင်္ကျား



ဒီလိုအမှုမျိုးကတော့ ရှိရင်တောင် ရှားပါလိမ့်မယ်။ အသက် ၄၉နှစ်အရွယ်ရှိ Conrad Rudalavage ဆိုတဲ့သူဟာ သူ့ရဲ့အမျိုးသမီးဖြစ်သူ Williams-Rudalavage ကို အိပ်မက်ဆိုးက လန့်နိုးနိုးချင်း သတ်ဖို့ကြိုးစားခဲ့တာပါ။ အိပ်မက်ထဲမှာ မိန်းမဖြစ်သူက အခြားတစ်ယောက်နဲ့ဖောက်ပြန်နေတာကြောင့် Conrad တစ်ယောက် သူအိပ်ရာကလန့်နိုးနိုးချင်း ခုလိုလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်တဲ့။

ရဲအရာရှိတွေရဲ့ ပြောဆိုချက်အရ သူဟာ သူ့အမျိုးသမီးကို "ငါမင်းကိုချစ်ခဲ့တယ်။ ဒါပေမယ့် ခုတော့ ငါမင်းကို သတ်ပစ်တော့မယ်"လို့ပြောဆိုကာ လည်ပင်းညှစ်သတ်ဖို့ ကြိုးစားခဲ့တဲ့အကြောင်း သိရပါတယ်။ ခုလို ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာပဲ သူတို့ရဲ့သမီးဖြစ်သူ ပြန်ရောက်လာခဲ့ပြီး ဒီအဖြစ်အပျက်ကိုလန့်ဖျန့်ကာ 119ကို ဖုန်းဆက်ချိန်မှာတော့ အဖေဖြစ်သူက မိန်းမကို လည်ပင်းညှစ်နေရာကနေ သမီးဖြစ်သူကိုပါ သတ်ဖို့ကြိုးစားခဲ့သေးတယ်လို့ The Times-Tribune က ရေးသားထားပါတယ်။

Rudalavage ဟာ အဲ့ဒီညအိပ်ရာမ၀င်ခင်က သောက်စားထားသေးတဲ့အပြင် ရဲတွေသူ့ကို ဖမ်းခေါ်သွားသည့်တိုင် အရက်နံ့တော်တော်လေး ရနေသေးကြောင်း ရဲအရာရှိတွေက ဆိုထားပါတယ်။ ခုချိန်မှာတော့ Rudalavage ကို တာဝန်ရှိသူတွေက ဖမ်းခေါ်ထားပြီး သူ့ဇနီးကတော့ မျက်လုံး၊ နှာခေါင်းနဲ့ လည်ပင်းတွေမှာ ရရှိသွားတဲ့ ဒဏ်ရာတွေကို ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

Credit :Trend Myanmar