Breaking News

မျက်နှာဝိုင်းတဲ့ လူတွေအတွက် ဆံပင်ပုံစံ (၄) မျိုး

play

မျက်နှာဝိုင်းတဲ့ အမျိုးသမီးတွေ အများစုထင်တာက တိုတိုကပ်ကပ် ဆံပင်ပုံစံမျိုးကို သူတို့ ညှပ်လို့မရဘူးလို့ ထင်တာပါ။ ဒါက တကယ်တော့ မမှန်ပါဘူး။ တိုတိုညှပ်တဲ့အခါ သင့်ရဲ့ ဆံသဆရာကို ခေါင်းရဲ့အပေါ်မှာ ဆံပင်အုံ ထူထူ ထားပေးဖို့ ပြောပါ။ ဆံပင်ထူတဲ့ အခါ မျက်နှာ သွယ်လျတယ်လို့ ထင်ရစေပါတယ်။
play

ဆံပင်ကို ဘေးခွဲပြီး ရှေ့ချထားတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဝိုင်းစက်နေတဲ့ ပါးအစား ပါးရိုးတွေကို ပိုပေါ်သွားစေပါတယ်။
play

ဆံပင်နဲ့ပတ်သက်ပြီး ရှည်လျားတဲ့အထပ်မျိုးတွေဟာ ပုံစံအသစ်တော့ မဟုတ်ပါဘူး။ မျက်နှာဝိုင်းတဲ့လူတွေအနေနဲ့ ရိုးရှင်းတဲ့ ပုံစံမျိုးကို ကြိုက်တယ်ဆိုရင် ရွေးချယ်သင့်တဲ့ ပုံစံဖြစ်ပါတယ်။ အဆိုပါပုံစံဟာ မျက်နှာကို သွယ်လျသွားတဲ့ ပုံပေါ်စေပါတယ်။
play

မျက်လုံးနားရောက်တဲ့ထိ ဆံပင်တွေကို ရှေ့ချထားတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ကြည့်တဲ့လူဟာ မျက်နှာရဲ့ ပြည့်ဝမှုအစား မျက်လုံးကို အာရုံရောက်စေပါတယ်။
Photos & Source: Candy