Breaking News

လက်နဲ့ထိခိုက်မိလို့ မျက်လုံးကျွတ်ထွက်လုမတက် ဒဏ်ရာရသွားတဲ့ ဘတ်စ်ကတ်ဘောသမား

သြစတြေးလျဘတ်စ်ကတ်ဘော ပြိုင်ပွဲတစ်ခုမှာ ပြိုင်ဘက်ကစားသမားနဲ့ ထိခိုက်မိခဲ့တဲ့ ဘတ်စ်ကတ်ဘောသမားတစ်ဦးဟာ မျက်လုံးကျွတ်ထွက်လုမတက် ဒဏ်ရာ ရသွားခဲ့ကြောင်းသိရပါတယ်။
play

ဘောလုံးကို ယှဉ်လုစဉ်မှာ တစ်ဖက်ကစားသမားရဲ့ လက်ချောင်းဟာ သူ့ရဲ့မျက်လုံးနဲ့ထိခိုက်မိသွားတာဖြစ်ပါတယ်။ သြစတြေးလျဘတ်စ်ကတ်ဘောပြိုင်ပွဲ NBLမှာ ယှဉ်ပြိုင်ကစားနေတဲ့ နယူးဇီလန်အသင်းက ကစားသမား အက်ခီမစ်ချဲလ်ဟာ ဒီလိုသွေးပျက်ဖွယ်ရာ အဖြစ်ကို ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ဘတ်စ်ကတ်ဘောပွဲစဉ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်အရ အက်ခီရဲ့မျက်လုံးတွေဟာ အပြင်ကို ကျွတ်ထွက်လုနီးနီးဖြစ်ခဲ့တာ မြင်လိုက်ရတာပါ။
play

ထိခိုက်မိပြီးနောက် ကွင်းပြင်ပေါ်ကိုချက်ခြင်းလဲကျသွားပြီး သူ့ရဲ့ မျက်လုံးကို ဘယ်ဘက်လက်နဲ့ဖုံးအုပ်ထားခဲ့ရပါတယ်။ ကျွတ်ထွက်လုနီးနီး ဖြစ်လာတဲ့အတွက် ဆေးရုံကို ချက်ခြင်းပို့ဆောင်ခဲ့ရပါတယ်။
play

ပြီးခဲ့တဲ့ ကြာသပတေးနေ့ညက ကစားခဲ့တဲ့ပြိုင်ပွဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီးအခုတော့ ဆေးရုံကပြန်ဆင်းလာခဲ့ပြီဖြစ်ကာ မျက်လုံးကောင်းကောင်း ပြန်မြင်နေရပြီဖြစ်တယ်လို့ အက်ခီမစ်ချဲလ်က သူ့ရဲ့တွစ်တာကတဆင့် ကြေညာခဲ့ပါတယ်။ " သူ့ရဲ့လက် ကျွန်တော့်မျက်လုံးကိုလာမှန်တုန်းကဆိုရင် မျက်လုံးကျွတ်သွားပြီလို့တောင်ထင်လိုက်တာ။ ဒါပေမယ့် ကျွန်တော်မြင်နေရတုန်းပဲ။ အဲဒီကဆို တကယ်ပဲလေ မျက်လုံးက မျက်လုံးနေရာမှာ မရှိတော့ဘူးဆိုတာ ခံစားမိခဲ့ရတယ်" လို့ အက်ခီက ပြောပါတယ်။


မြောက်ကာရိုလိုင်းနားကနေ နယူးဇီလန်ဘရိတ်ကာ အသင်းကိုလာရောက်ကစားနေတဲ့ အက်ခီဟာ သက်သာလာပြီးနောက် မကြာခင် ပြန်ကစားနိုင်တော့မယ်လို့ သိရပါတယ်။  
Credit :duwun