Breaking News

ဒါရိုက်တာဝိုင်းက ဖွေးဖွေးနဲ့ပဲ ဘာလို့ဇာတ်ကားရိုက်ချင်တာလဲ

play

ဒါရိုက်တာဝိုင်းဟာ နှစ်သစ်မှာ ဖွေးဖွေးနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ထပ်ရိုက်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဖွေးဖွေးနဲ့ အတူ ရုပ်ရှင်ရိုက်မယ့် အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်ကနေတစ်ဆင့် ပရိသတ်တွေ အသိပေးလိုက်တဲ့အခါမှာတော့ ပရိသတ်တွေက ဖွေးဖွေးနဲ့ပဲ ရိုက်တော့မှာလား အခြား မင်းသမီးတွေနဲ့ကော မရိုက်ဘူးလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လို့လာပါတယ်။
play

ဒါပေမယ့် အဲ့ဒီမေးခွန်းတွေကိုလည်း ဒါရိုက်တာဝိုင်းက  စိတ်ရှည်စွာ ပြန်လည်ပြောပြပေးထားပါတယ်။ "သူထက်တော်ပြီးကျွန်တော့်ရဲ့ စကားကို နားထောင်ရင် ရိုက်ကူးသွားမှာပါ။ တစ်ချို့ မင်းသမီးတွေက ရိုက်ရင်စောက်ကျင့်တွေက တစ်မျိုးတွေ သူတို့မဟုတ်တောင် အမေတွေ အမျိုးတွေ" လို့ သူက ပြန်ဖြေထားပါတယ်။
play
play

ယခုလည်း ဒါရိုက်တာဝိုင်းက ဖွေးဖွေးနဲ့အတူ "ရွှေကြာ" ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့ ပြင်ဆင်နေပြီး ပါဝင်မယ့် မင်းသားကတော့ ဇာတ်ကားသိမ်မရိုက်ဖူးသေးတဲ့ မင်းသားတစ်ယောက်ဖြစ်တယ်လို့ သူက ပြောပြထားပါတယ်။ အဲ့လိုပဲ ဖွေးဖွေးနဲ့အပြိုင် သရုပ်ဆောင်မယ့် မင်းသမီးကတော့ ဒါရိုက်တာ ဝိုင်းနဲ့ ဇာတ်ကားတစ်ကားပဲ ရိုက်ခဲ့ဖူးတဲ့ မင်းသမီးဖြစ်ပြီး လူတော်တော်များများ ကြိုက်နှစ်သက်မယ့် မင်းသမီးဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ 
ဒါရိုက်တာဝိုင်းဟာ ဖွေးဖွေးရဲ့ လက်ဦးဆရာတစ်ဦးဖြစ်ပြီး အကယ်ဒမီ ဆုများကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားပေးခဲ့တဲ့ ဒါရိုက်တာ တစ်ဦးဆိုလည်း မမှားပါဘူး။ ဖွေးဖွေးဟာ "လက်ပံ" ဇာတ်ကားနဲ့ "ကျွန်မက နှင်းဆီပါမောင်" ရုပ်ရှင်ဇာတ်ကား နှစ်ကားစလုံးမှာ အမျိုးသမီးဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး ယင်းဇာတ်ကား နှစ်ကားစလုံးကို ပုံဖော်ရိုက်ကူးပေးခဲ့တဲ့ သူကလည်း ဒါရိုက်တာ ဝိုင်းပဲ ဖြစ်ပါတယ်။
Photo : ဒါရိုက်တာ ဝိုင်းဖေ့စ်ဘွတ်