Breaking News

၂+၂ = ၅ မှန်သလား ?



ဥက္ကဌ ကြီးက မန်နေဂျာ သုံးယောက်ကို ခေါ်ပြီး မေးခွန်း တခုမေးတယ် ။
၂+၂ = ၅ မှန်သလား ?
ပထမ မန်နေဂျာက လုံးဝ တစ်ရာ ရာခိုင်နှုန်းမှန်ပါတယ် ဥက္ကဌကြီး “
ဒုတိယ မန်နေဂျာက ၂ + ၂ မှာ ၁ ထပ်ပေါင်း လိုက်ရင် ၅ မှန်ပါတယ် လို့ ဖြေတယ် ။
တတိယ မန်နေဂျာက လုံးဝ မှားပါတယ် ၂ + ၂ = ၄ ရပါတယ် ။
နောက်တနေ့ ရုံးတက်ချိန်မှ စပြီး တတိယ မန်နေဂျာကို ရုံးမှာ နောက်ထပ် မတွေ့ရတော့ပေ ။
တတိယ မန်နေဂျာ ကိုမှ ဘာကြောင့် အလုပ်ဖြုတ်လိုက်တာ လဲ ဆိုပြီး ဥက္ကဌ ကြီး လက်ထောက်က စောဒက တက်တယ် ။
ဥက္ကဌကြီးက ရှင်းပြတယ် ။
ပထမ မန်နေဂျာ က လူလိမ် ဖြစ်တယ် သူ လူလိမ် ဆိုတာလည်း သူသိတယ် ။ ( သူနဲ့ အလုပ်ဖြစ် နိုင်တယ် )
ဒုတိယ မန်နေဂျာ က ဥာဏ်ပညာ ရှိတယ် ။ သူ ဥာဏ်ပညာ ရှိတာလည်း သူသိတယ် ( သူလည်းအလုပ်ဖြစ်တယ် )
တတိယ မန်နေဂျာက လူမှန် ။ သူ လူမှန်ဆိုတာလည်း သူသိတယ် ( သူကျတော့ လူ့ဂွစာ အရမ်းလက်ပေါက်ကပ် ပြီး ပေါင်းသင်းရ ခက်မယ် )
ဒါကြောင့် သူ့ကို မလိုတာ ရှင်းပြပြီးတာ နဲ့ သူ့လက်ထောက်ကို ပါ မေးခွန်း ထုတ်လိုက်တယ် ။ မင်းရော ဖြေပါအုံး
၂ + ၂ = ၅ မှန်သလား ?
လက်ထောက်က ပျာပျာသလဲ နဲ့ ဆရာကြီး အခုလို ရှင်းပြလို့ သဘောပေါက်သွားတာ ။ ဆရာ့ ပညာ အရမ်း မြင့်တယ် နက်နဲတယ် ။ ဆရာ့ လို ပညာရှိ စကားကို တပည့် လို့ ဘာမဟုတ်တဲ့ ကောင်က ဖွင့်ဆို နိုင်စွမ်း မရှိပါဘူး ဆိုတော့
ဥက္ကဌ ကြီးက မင်းက လူလည် လူပါး ( လူ ချစ်ခင်တယ် )
ဝမ်းနည်းစရာပဲ ဒါ ဒို့ ရဲ့ ဒီခေတ်ရဲ့ လက်ရှိ အခြေနေပါ ပဲ ။
ဒီလို မေးခွန်းတွေကို မိတ်ဆွေတို့ ရော ဘယ်လို ဖြေကြမလဲ ?
Credit to: အတွေး