Breaking News

ကိုယ်ဝန်ဆောင်တွေ လုပ်သင့်တဲ့ ယောဂလေ့ကျင့်ခန်းများ

ကိုယ်ဝန်ဆောင်ကာလဆိုတာ အမျိုးသမီးများအဖို့ အလွန်အရေးကြီးတဲ့ အချိန်တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်များအတွက် ကလေးမွေးဖွားရလွယ်ကူစေပြီး သားအိမ်ကြွက်သားတွေ ညစ်အားကောင်းပြီး သန်မာစေမယ့် ယောဂကျင့်စဉ်များနဲ့ ကိုယ်နေဟန်ထားတွေကို ဖော်ပြပေးလိုက်ပါတယ်။
play

ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ခန္ဓာကိုယ်တွင်းက ဖြစ်ပေါ်တတ်တဲ့ အပြောင်းအလဲများကို ဒီလေ့ကျင့်ခန်းတွေက ဟန်ချက်ညီအောင်ထိန်းပေးပြီး နှလုံးနှင့် အဆုတ်အားကောင်းစေတာမို့ ကလေးမွေးဖွားချိန်အတောအတွင်းမှာလည်း အသက်ရှူမဝတာ၊ အမောဖောက်တာမျိုး လုံးဝမဖြစ်စေအောင် ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

လိပ်ပြာပုံစံ (Butterfly)
play

ခြေဖဝါးနှစ်ဖက်ကို ထိကပ်ထားပြီး လက်နဲ့ ဆုပ်ပေးထားရပါတယ်။ ခါးကိုမတ်မတ်ထားပြီး ဒူးနှစ်ဖက်ကို ဖွင့်လိုက်၊ ပိတ်လိုက်ပြုလုပ်ပေးရပါမယ်။ တင်ပါးဆုံရိုးကို ပွင့်စေပြီး ခြေထောက်ကြွက်သားများကို သန်မာကြံ့ခိုင်စေပါတယ်။

ကြောင်ပုံစံ (Cat)
play

ပုံပါအတိုင်း လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်လုံး ကြမ်းပြင်ပေါ်မှာ လေးဘက်ထောက်ပါ။ ပြီးလျှင် ဘယ်ခြေထောက်ကို မြှောက်ပြီးမတင်လိုက်ပါ။ ခေါင်းနဲ့ကျောရိုးကို မတ်မတ်ထားရပါမယ်။ ခြေထောက်ကို မြောက်တဲ့အချိန်မှာ တင်ပါးက လိမ်မသွားရပါဘူး။ တင်ပါးကလည်း ပုခုံးနဲ့တစ်ဖြောင့်တည်း ဖြစ်နေရပါမယ်။

လခြမ်းကွေး (Crescent Moon)
play

ခြေထောက်နှစ်ချောင်းကို ကားပြီးရပ်ထားပါ။ ပြီးရင် ခါးအထက်ပိုင်းကို ဘယ်ဘက်ကို လှည့်လိုက်ပြီး ခြေထောက်က ၉၀ဒီဂရီ ဖြစ်အောင်ကွေးချရပါမယ်။ အဲဒီနောက် ပုံထဲကအတိုင်း လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ပြီး ခေါင်းပေါ်ကို ဆန့်ထုတ်ပေးပါ။ လက်မောင်းနှစ်ဖက်က မိမိရဲ့ နားနှစ်ဖက်နဲ့ ကပ်နေရပါမယ်။ ဒီပုံစံက ရင်ဘတ်ကိုဖွင့်ထားသလိုဖြစ်ပြီး တင်ပါးကြွက်သားတွေကို ဆန့်ထုတ်ပေးပါတယ်။

ကိုယ်ဝန်ဆောင်ထားစဉ် မပြုလုပ်သင့်သော ယောဂကျင့်စဉ်များကတော့ ခြေထောက်ကွေးခြင်းများပါသော၊ ဗိုက်ကြွက်သားတွေကို အားပြုရသောကျင့်စဉ်များ လေ့ကျင့်ဖို့ မသင့်တော်ပါဘူး။ နောက်ပြီး ကျိုင်းကောင်ကျင့်စဉ် (Locust) လို့ခေါ်တဲ့ မှောက်လျက် ခြေ၊ လက်များ မတင်ရတဲ့ လေ့ကျင့်ခန်းမလုပ်ရပါဘူး။ မြွေဟောက်ကျင့်စဉ် (Cobra) နဲ့ နေမင်းဂါရဝပြုတဲ့ကျင့်စဉ်တွေလည်း မလုပ်သင့်ပါဘူး။
ကိုယ်ဝန်ဆောင်ထားစဉ် ယောဂကျင့်လို့ရတယ်ဆိုပေမယ့် ကိုယ်ဝန်လေးလအထိသာ ကျင့်သင့်ပြီး ပုံမှန်လေ့ကျင့်သူမဟုတ်ပါက အဖော်တစ်ဦးဦး (သို့) နည်းပြ ဖြင့်သာ အတူတူလေ့ကျင့်စေချင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်းစိတ်ဖိစီးမှုများကို လျော့ကျစေပြီး ခါးနာခြင်း၊ တင်ပဆုံညောင်းညာခြင်း၊ ကြွက်တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း များကိုသက်သာစေပါတယ်။ ကိုယ်ခန္ဓာအောက်ပိုင်းတင်းအားများကို လျော့ကျစေပြီး မွေးလမ်းကြောင်းများကိုတည့်၍ အားကောင်းစေပါတယ်။ မိခင်ဗိုက်ထဲတွင် ကလေးနေရမခက်အောင် အသက်ရှူလေ့ကျင့်ခန်းများ နှင့် ယောဂကျင့်စဉ်များကို ဖြည်းဖြည်းမှန်မှန် ပြုလုပ်ပေးနိုင်ပါတယ်။
Source : Life
PREGNANCY YOGA