Breaking News

အမြန်လမ်း ကားမီးလောင်ပြီးလူ(၈)ဦးသေဆုံးတဲ့ဖြစ်စဉ်မှာ အသက်ရှင်ကျန်ရစ်သူက အခင်းဖြစ်ပွားစဉ် ယာဉ်ကိုမောင်းနှင်ခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်


အမြန်လမ်းပေါ်က ကားမီးလောင်ပြီးလူ(၈)ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်မှာ အသက်ရှင် ကျန်ရစ်သူအမျိုးသားကအခင်းဖြစ်ပွားစဉ် ယာဉ်ကိုမောင်းနှင်ခဲ့ကြောင်းစစ်ဆေး

ပေါ်ပေါက်ခဲ့တယ်လို့သိရပါတယ်။ ကနဦးစစ်ဆေးမှုမှာအသက်ရှင်ကျန်ခဲ့သူအမျိုးသားက ယာဉ်ကို မီးလောင်ရာမှာသေဆုံးသွားသူတစ်ဦးမောင်းနှင်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပြီး ရဲစခန်းကဆက်လက်စစ်ဆေးရာမှာတော့ကိုယ်တိုင်မောင်းနှင်ခဲ့ကြောင်း ၀န်ခံထွက်ဆို ခဲ့တာဖြစ်ပါတယ်။ လက်ရှိအသက်ရှင်ကျန်ရစ်သူအမျိုးသားကို ပုဒ်မ(၃)ခုနဲ့အမှုဖွင့် အရေးယူထားတယ်လို့ (၁၁)မိုင်အမြန်လမ်း ရဲစခန်း၊ စခန်းမှူး၊ ရဲအုပ်အောင်သိန်းဦးက
ပြောပါတယ်။ အခုလ(၂၂)ရက် ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ပုဂံဘုရားဖူးပြန်လာတဲ့ အန်စာတုံးယာဉ်တစ်စီးလမ်းဘယ်ဘက်ခြမ်းနဲ့တိုက်မိ မီးလောင်ကာ လူ(၈)ဦးသေဆုံးခဲ့ပြီး တစ်ဦးအသက်ရှင်ကျန်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာတော့ သေဆုံးသူတွေရဲ့ မိသားစုဝင်တချို့က ဒီကားမီးလောင်မှုဟာ သမရိုးကျဖြစ်ပွားခဲ့တာဟုတ်မဟုတ် သံသယရှိနေကြတာဖြစ်ပါတယ်

5plusnews