Breaking News

ကိုစတာရီကာမှာ အပန်းဖြေနေတဲ့ ကင်မ်ကာဒါရှီယန်

play

၂၀၁၆ ခုနှစ် အောက်တိုဘာလက ပါရီမှာ ဓားပြတိုက်ခံခဲ့ရတဲ့ ကင်မ်ဟာ အခုတော့ သူ့ကို ဓားပြတိုက်သူတွေလည်း ဖမ်းမိသွားပြီဆိုတော့ စိတ်အေးလက်အေးရှိသွားပုံရကာ မိသားစုနဲ့အတူ အပန်းဖြေနေတာကို မြင်တွေ့ရပါတယ်။
ဓားပြတိုက်ခံရပြီးတဲ့နောက် ထိပ်လန့်ကြောက်ရွံ့သွားတဲ့ ကင်မ်ဟာ ခါတိုင်းလို အပြင်ကို ပေါ်ပေါ်ထင်ထင်ထွက်ခြင်းမျိုး မရှိသလို ဆိုရှယ်မီဒီယာကလည်း ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အခု သူမဟာ အရင်လို ပြန်နေဖို့ အစပျိုးနေပါပြီ။
play

ဒီလအစောပိုင်းမှာ ဒူဘိုင်းကို သွားခဲ့သလို အခုလည်း ကော့စတာရီကာမှာ မိသားစုနဲ့အတူ အပန်းဖြေနေတာကို မြင်တွေ့ရပါတယ်။
ဇန်ဝါရီလ ၂၉ ရက်နေ့မှာတော့ သူမရဲ့နာမည်ကျော်လှတဲ့ ကောက်ကြောင်းအလှကို ပြကာ ဓားပြတိုက်မခံရခင်က ကင်မ်ကို ပြန်မြင်တွေ့လိုက်ရပါပြီ။
ညီမငယ် ကလိုဝီကာဒါရှီယန်နဲ့အတူ ရေကူးကန်ဘေးမှာ နေပူဆာလှုံနေပြီး အသားရောင် ဘီကီနီလေးနဲ့ အလှကြီးလှနေခဲ့တာပါ။
ကင်မ်ဟာ သူမရဲ့ဆံပင်ရှည်ကြီးကို ဒီအတိုင်းဖြန့်ချထားကာ နေကာမျက်မှန်ကို တပ်ထားပါတယ်။
play

ကင်မ်လိုပဲ ကိုယ်လုံးအလှကြောင့် နာမည်ကြီးလှတဲ့ ကလိုဝီကလည်း တစ်ဆက်တည်း ရေကူးဝတ်စုံလေးဝတ်လို့ သူမရဲ့ကောက်ကြောင်းအလှကို ပြသထားပါတယ်။
အောက်တိုဘာလ ၃ ရက်နေ့မှာ ကင်မ် ဓားပြတိုက်ခံရကာ ၃ လကျော်အကြာမှာ ပြီးခဲ့တဲ့ ဓားပြတိုက်သူတွေကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး လောလောဆယ်မှာတော့ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဒီနှစ်အတွင်းမှာ တရားစီရင်မယ်လို့ သိရပါတယ်။ ကင်မ်ကတော့ သက်သေအဖြစ် ထွက်ဆိုဖို့ အမေရိကကနေ ပြင်သစ်ကို ပြန်သွားရမယ်လို့ ယူဆရပါတယ်။
Source & Photos : the Sun  Credit :duwun