Breaking News

သွေးပြန်ကြောထုံးခြင်းမှ ကင်းဝေးစေရန် နည်းလမ်းများ


1.   ခြေထောက်များကိုမြှောက်ထားပါ

        တစ်နေ့တာလုံးမတ်တပ်ရပ်ထားပါက ခြေထောက်များအနည်းငယ်ရောင်နေတတ်ပါသည်။ ထိုသို့ဖြစ်ပွားပါက ခြေထောက်များကိုမြှောက်ထားခြင်းဖြင့်ကုသပါ။ ခြေထောက်တင်ရန် ခေါင်းအုံးတစ်ခု သီးသန့်ဝယ်ထားပါ။ အိမ်ပြန်ရောက်ပါက ခြေထောက်များကို ခေါင်းအုံးပေါ်တွင် တင်ထားနိုင်ပါသည်။ သွေးစီးဆင်းခြင်းသည် ကမ္ဘာ့ဆွဲအားနှင့်ဆက်စပ်လျက်ရှိပြီးနောက်ဆုံးတွင် နှလုံးသို့ပြန်လာရသည်။



2.   ရေခဲကပ်ခြင်း

        ရေခဲကပ်ခြင်းအားဖြင့် -

-       သွေးကြောများကျုံ့သွားစေရန် စွမ်းဆောင်နိုင်ပါသည်။

-       ဖောင်းနေသောသွေးကြောများရှိပါက သက်သာအောင်ပြုလုပ်ပေးနိုင်ပါသည်။



3.   အရောင်လျော့ဆေး

        အကိုက်အခဲပျောက် အရောင်လျော့ဆေးများသည် ခြေထောက်ရောင်ခြင်းများကိုသက်သာစေနိုင်သော်လည်း ဆရာဝန်နှင့် ဦးစွာတိုင်ပင်ပြီးမှ သောက်သုံးသင့်ပါသည်။



4.   အထူးစပါယ်ရှယ်ပြုလုပ်ထားသော ခြေအိတ်၊ အစွပ်သုံးခြင်း

        ၎င်းခြေအိတ်များကို ဆေးဝါးအရောင်းဆိုင်များတွင်ဝယ်ယူရရှိနိုင်ပါသည်။

-       အရေပြားတင်းရင်းစေရန် အကူအညီပေးနိုင်ခြင်း

-       သွေးပြန်ကြောများကိုပြင်ပမှ အထောက်အပံ့ပေးခြင်းဖြင့် နှလုံးသွေးစီးဆင်းမှုကို ပိုမိုလွယ်ကူစေခြင်း



5.   လေ့ကျင့်ခန်းပြုလုပ်ခြင်း

         သွေးကြောထုံးသူများတွင် သွေးများစုပုံ၍ သွေးစီးဆင်းမှုမကောင်းပါ။ ထို့ကြောင့် လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးသင့်ပါသည်။



Dr. Thinzar Wynn

www.drmyanmar.com