သင့်မျက်လုံးတွေ နီရဲနေရတဲ့ အကြောင်းအရင်း (၆) ချက်

play

၁ - မျက်လုံးတွေခြောက်နေတယ်
မျက်လုံးတွေ ခြောက်သွေ့နေတဲ့အခါမှာ မျက်လုံးဟာ ယားယံပြီး နီရဲတာတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုခြောက်သွေ့တာဟာ ကွန်ပြူတာ အကြည့်များတဲ့လူငယ်တွေနဲ့  အသက် ၅၀ ကျော်လူကြီးပိုင်းတွေမှာ အဖြစ်များပါတယ်။ ကွန်ပြူတာ မျက်နှာပြင်ကို အကြည့်များတဲ့အခါ မျက်တောင်ခတ်တာတွေ နည်းလာတာကြောင့်လည်း ပါပါတယ်။
၂ - ဆေးဝါး
play

သင် ပုံမှန်သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ibuprofen လို နာကျင်မှုကို သက်သာစေတဲ့ ဆေးတွေ၊ အိပ်ဆေးတွေနဲ့ စတဲ့ ဆေးဝါးတွေဟာလည်း မျက်လုံးကို ခြောက်သွေ့ နီရဲမှုတွေ ဖြစ်စေပါတယ်။
၃ - အိပ်ရေးမဝခြင်း
play

အိပ်ရေးမဝဘဲ နိုးလာတဲ့အခါမျိုးမှာလည်း မျက်လုံးတွေက နီရဲနေတတ်ပါတယ်။ မျက်လုံးရဲ့ မျက်ရည်ထွက်ပေါ်ရာအပိုင်း အားပြန်ပြည့်ဖို့အတွက် အချိန်အတော်ကြာအောင် မျက်စိမှိတ်အနားယူဖို့လိုပါတယ်။
၎ - အရက်
play

အရက်သောက်ခြင်းဟာ မျက်လုံးသွေးကြောတွေထဲ သွေးများကို ပိုမိုစီးဆင်းစေပါတယ်။
၅ - ဆေးလိပ်
play

ဆေးလိပ်သောက်ခြင်းကတော့ မျက်လုံးသွေးကြောများကို ကျုံ့စေပါတယ်။ ဒီလိုကျုံတာကြောင့် မျက်လုံးမျက်နှာပြင်ခြောက်သွေ့ပြီး နီရဲတာတွေ ဖြစ်လာပါတယ်။
၆ - ရေကူး
play

ပင်လယ်ကမ်းခြေမှာ ရေကူးတဲ့အခါ ဆားဓာတ်ကြောင့် မျက်လုံးနီရဲမှုတွေ ဖြစ်နိုင်ပါတယ်။ ရေကူးကန်မှာ ကူးတဲ့အခါမှာလည်း ကလိုရင်းလို ဓာတုပစ္စည်းတွေကြောင့် နီရဲမှုတွေ ဖြစ်နိုင်ပါတယ်။
Photos & Source: Prevention  Credit :duwun


Share on Google Plus

About Myanmar Magazine