Breaking News

လက်အိတ်စွပ်ထားတဲ့အခါ လုံးဝ မလုပ်သင့်တဲ့ အချက်တစ်ခု



ရာသီဥတုပိုအေးလာပြီဆိုတော့ အနွေးထည်တွေ၊ Hoodie တွေ၊ ခေါင်းစွပ်၊ လက်အိတ်လေးတွေ ဆောင်ထားဝတ်ဆင်ရလာပြီပေါ့။ အထူးသဖြင့် အေးချမ်းတဲ့နေရာမျိုးကို ခရီးသွားမယ့်သူတွေက ဒီအရာတွေကို မဖြစ်မနေကို ယူဆောင်ဝတ်ဆင်သွားကြရမှာပါ။ အပူချိန်လျှော့ကျလာတဲ့အခါ လက်အိတ်စွပ်တာဟာ မဖြစ်မနေ လုပ်သင့်တဲ့အချက် ဖြစ်ပါတယ်။ မဟုတ်ရင် လက်ချောင်းကလေးတွေ ခြောက်သွေ့လာကြပါလိမ့်မယ်။ အရမ်းအေးတဲ့ ရာသီဥတုမှာ လက်ချောင်းတွေ ဖုန်းကလိလို့ ရနိုင်အောင် ဇောသန်နေပါက နည်းပညာသုံးလက်အိတ်တွေ စွပ်ပါ။ ဘာလုပ်လုပ် ဆောင်းရာသီမှာတော့ လက်တွေကို အကာအကွယ်တစ်ခုခု လုပ်ထားပါ။

ဒါပေမယ့် ဒီသက်တောင့်သက်သာရှိတဲ့ လက်အိတ်တွေ ဝတ်တဲ့အခါ ဘာတွေကိုင်မိလို့ ကိုင်မိမှန်း မသိရပါဘူး။ ဒါကြောင့် လက်အိတ်စွပ်တဲ့အခါ မျက်နှာကို လုံးဝ မကိုင်သင့်ပါဘူး။ မိမိထိကိုင်မိတဲ့ အရာဝတ္ထုကနေ မျက်နှာဆီ ကူးပြောင်းနိုင်တဲ့ ရောဂါပိုးပမာဏက မရေမတွက်နိုင်အောင် များပြားလွန်းပြီး မလိုလားအပ်တဲ့ ရောဂါကူးစက်မှုနဲ့ ဖျားနာမှုတောင် ဖြစ်ပွားစေနိုင်ပါတယ်။

ဒီတော့ မျက်လုံးတွေ မပွတ်မိခင် သို့မဟုတ် ပါးမို့တွေ မထိကိုင်မိခင် လက်အိတ်ကို အရင်ချွတ်ပါ။ နောက်ပြီး လက်အိတ်ကို မကြာမကြာ လျှော်ဖွတ်ပေးဖို့လည်း လိုပါတယ်။

Credit :Trend Myanmar