Breaking News

ဂျက်တင်ဘီဘာ အင်စတာဂရမ် ပြန်ဖွင့်ပေမဲ့ ပရိသတ်တွေ စိတ်ပျက်သွားခဲ့

play

ဂျက်စတင်ဘီဘာဟာ  သူ့ရဲ့အင်စတာဂရမ်အကောင့်ကို သြဂုတ်လလယ်က ဖျက်ပစ်လိုက်ပြီး အကြာကြီးမသုံးဘဲ ထားခဲ့ရာက အခု အင်စတာဂရမ်ကို ပြန်ရောက်လို့ လာပါတယ်။
နှစ်သစ်မှာ အကောင့်အသစ်နဲ့ ပြန်လာတဲ့ ဂျေဘီဟာ နှစ်ရက်အတွင်းမှာ Follower ၈၆,၀၀၀ ရှိနေပါပြီ။ ဒါပေမဲ့ အဲဒီအကောင့်ကို သုံးသူက ဂျေဘီကိုယ်တိုင် မဟုတ်ဘဲ သူ့ရဲ့မန်နေဂျာ စကူတာဘရာယန်ဖြစ်နေတဲ့အတွက် ပရိသတ်တွေမှာ သဘောမကျနိုင်ဖြစ်သွားရပါတယ်။

အဓိပ္ပာယ်ကတော့ အင်စတာဂရမ်မှာ ဆိုဖီယာရစ်ချီနဲ့ အတွဲဓာတ်ပုံတွေတင်တဲ့၊ ဆယ်လီနာဂိုးမက်စ်နဲ့ စကားအခြေအတင်တွေဖြစ်ခဲ့ကြတဲ့ ဂျက်စတင်ဘီဘာအစစ် မဟုတ်ဘူးဆိုတာပါပဲ။
play

အကောင့်သစ်မှာ သူ့ရဲ့ဓာတ်ပုံတွေဟာ သူ့ရဲ့ပုဂ္ဂိုလ်ရေး အမှတ်ရစရာတွေ မပါဝင်တော့ဘဲ အလုပ်ကိစ္စ၊ ဂီတကိစ္စတွေကိုသာ အခြေခံသွားမှာဖြစ်ပါတယ်။
အင်စတာဂရမ်အကောင့်သစ်မှာ ဇန်နဝါရီလ ၂ ရက်ကစလို့ ပုံတွေ တင်ခဲ့တာဖြစ်ပါတယ်။
Source & Photos : Hollywood  Credit :duwun