Breaking News

မျက်တောင်မွှေးရှည်အောင် ဘယ်လိုလုပ်ဆောင်နိုင်သလဲ



သဘာဝအလျောက် ရှည်လျားကော့ညွှတ်တဲ့ မျက်တောင်မျိုး ပိုင်ဆိုင်ထားကြသူတွေ ရှိပေမယ့် အများစုကတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။ မျက်တောင်မွှေးရှည်တာက ဆွဲဆောင်မှု ရှိရုံမက မျက်ပေါက် ပိုကျယ်သလို ဖြစ်စေပါတယ်။ မျက်တောင်တုတပ်တာ လွယ်ကူတဲ့နည်းလမ်းတစ်ခုဖြစ်ပေမယ့် မျက်တောင်မွှေးရှည်စေဖို့အတွက် သိသင့်သိထိုက်တဲ့ တချို့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ညတိုင်း အဆီလိမ်းပေးပါ

ညအိပ်ရာမဝင်ခင် မျက်တောင်ကို ကြက်ဆူဆီ၊ မုန်ညင်းဆီ သို့မဟုတ် အုန်းဆီတစ်ခုခု အမြဲလိမ်းပေးပါ။ ဒါကို နေ့တိုင်းလုပ်ပေးရပါမယ်။ အချိန်ကာလတစ်ခုအတွင်း မျက်တောင်မွှေးကြီးထွားတာ မြင်တွေ့ပါလိမ့်မယ်။

ဗက်ဆလင်းအဆီပျစ်သုံးပါ

မျက်တောင်ခြယ်စုတ်တံလေးအသုံးပြုပြီး ဗက်ဆလင်းတချို့ကို ညတိုင်း လိမ်းပေးပါ။ မျက်တောင်မွှေးတွေ ရှည်စေပါတယ်။

ဗီတာမင် E

အကျိုးရလဒ် မြန်မြန်ဖြစ်ပေါ်စေဖို့ သင့်နေ့စဉ်အစားအစာထဲမှာ ဗီတာမင် E တွေ ဖြည့်စွက်ပေးပါ။
 
Credit :Trend Myanmar