Breaking News

နိုင်ငံခြားသားတွေ ရပ်ကွက်အတွင်း အိမ်ငှားရမ်းနေထိုင်ပါက အရေးယူနိုင်တဲ့ ဥပဒေ မရှိသေးဟုဆို

play

နိုင်ငံခြားသားတွေ ရပ်ရွာအတွင်း နေအိမ်ငှားရမ်းနေထိုင်တာတွေအပေါ် အရေးယူထိန်းချုပ်နိုင်တဲ့ ဥပဒေမရှိတာကြောင့် နေထိုင်သွားလာမှုမှတ်တမ်းတွေကိုသာ ရယူထားနိုင်သေးတယ်လို့ သိရပါတယ်။
ရပ်ရွာတွေမှာ ငှားရမ်းနေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေဟာ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ လ၀ကရုံးတွေမှာ သတင်းပို့ကြဖို့ အသိပေးကြေညာထားပေမဲ့ နေထိုင်ခွင့်မရှိလို့ ကန့်သတ်ထားတာမျိုး မရှိဘူးလိုလည်း သိရပါတယ်။ 
play

နိုင်ငံခြားသားတွေ ဘယ်မှာပဲ တည်းခိုရမယ်ဆိုတာမျိုးက နိုင်ငံခြားသားဥပဒေမှာလည်း သတ်မှတ်ထားတာမရှိဘဲ  ဟိုတယ်/ခရီးရဲ့ ဥပဒေမှာလည်း ဧည့်လမ်းညွှန်က နိုင်ငံခြားသားကို ဟိုတည်မှာတည်းခိုဖို့ လမ်းညွှန်ပေးရမယ်ဆိုတာပဲပါပြီး နိုင်ငံခြားသားက ဟိုတယ်မှာပဲ တည်းရမယ်ဆိုတဲ့ဥပဒေမပါဘူးလို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးလှိုင်က ပြောထားတာဖြစ်ပါတယ်။
ရပ်ရွာတွေရှိ အိမ်ပိုင်ရှင်တွေဟာ သူတို့ထံမှာ ငှားရမ်းနေထိုင်ကြတဲ့ နိုင်ငံခြားသားတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ လာရောက် အကြောင်းကြားကြဖို့ ၂၀၁၆ နှစ်ကုန်ပိုင်းက အသိပေးကြေညာခဲ့တာ ဖြစ်ပါတယ်။
play

နေအိမ်ငှားရမ်းထားသူတွေဟာ သက်ဆိုင်ရာ ရပ်ကွက်ရုံးအပြင် စည်ပင်သာယာရေးကော်မတီနဲ့ မြို့နယ်လ၀ကရုံးတွေကိုလည်း အကြောင်းကြားဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ငှားရမ်းနေထိုင်ကြတဲ့ နိုင်ငံခြားသားစာရင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ရုံးတွေမှာသာပြုစုထားရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာစာရင်းချုပ်ထားတာ မရှိသေးဘူးလို့ ဦးဌေးလှိုင်က ပြောထားပါတယ်။
Photos : 7Day Daily
Photos: ကျော်ဇင်သန်း, Myanmar Business Today, Al Jazeera