Breaking News

ချစ်တင်းနှောနေချိန်အတွင်း သီချင်းနားထောင်ခြင်းဟာ နှစ်ဦးစလုံးအတွက် စိတ်လှုပ်ရှားတက်ကြွမှုကို ပိုမိုပေးစွမ်းနိုင်



ရုပ်ရှင်တွေထဲမှာ မင်းသားနဲ့မင်းသမီး ချစ်တင်းနှောတဲ့ဇာတ်ဝင်ခန်း ရိုက်တော့မယ်ဆိုရင် များသောအားဖြင့် နောက်ခံ တီးလုံး ပြောင်းလဲသွားတာ သတိထားမိပါလိမ့်မယ်။ ရိုမန်တစ်ဆန်တဲ့ ဇာတ်ဝင်ခန်းမျိုးဆို ည၀တ်အကျီအမိုက်စားတွေ၊ ၀ိုင်ခွက် ၊ ဖယောင်းတိုင်တွေတောင် ထည့်သွင်းရိုက်ကူးတတ်ကြပါသေးတယ်။ ခုပြောပြသွားတဲ့အရာတွေက တစ်ချို့အရာတွေက တကယ့်လက်တွေ့ဘ၀မှာပါ အသုံးဝင်တဲ့အချက်တွေ ရှိနေပါတယ်။ အဲ့ဒါကတော့ ချစ်တင်းနှောနေချိန် သီချင်းဖွင့်ထားခြင်းဟာ သူတို့နှစ်ယောက်အတွက် ပိုသာယာတဲ့အချိန်ကောင်းတွေ ဖန်တီးပေးနိုင်တယ်ဆိုတာပါပဲ။

ဂီတဟာ လူ့စိတ်ကို ပြောင်းလဲသွားစေနိုင်တယ်ဆိုတာ အထူးပြောနေစရာမလိုအပ်တော့ပါဘူး။ အထူးသဖြင့် လူသားတွေကို လွမ်းဆွေးသလိုခံစားသွားအောင်၊ ပျော်ရွှင်သွားအောင်၊ ၀မ်းနည်းသွားအောင် အချိန်ပိုင်းအတွင်း ပြောင်းလဲပစ်နိုင်တာ ဂီတပါပဲ။ သီချင်းနားထောင်တဲ့အခါ လူ့စိတ်ကိုပျော်ရွှင်သွားစေတတ်တဲ့ ဟိုမုန်းတစ်မျိုးဖြစ်တဲ့ dopamine ကို ထုတ်လွှတ်ပေးလိုက်တာကြောင့် ဦးနှောက်အလုပ်လုပ်ပုံကပါ ပြောင်းလဲသွားပါတယ်။

နိုင်ငံတကာမှာဆိုရင် ချစ်သူစုံတွဲတွေ ချစ်တင်းနှီးနှောတဲ့အခါ အများဆုံးနားထောင်ကြတဲ့သီချင်းတွေ ဆိုပြီးတော့တောင် ရွေးချယ်ဖွင့်တတ်တဲ့ သီချင်းတွေရှိနေပါတယ်။ အဲ့ဒါတွေကတော့ Marvin Gaye ရဲ့ Let's Get It On ဆိုတဲ့သီချင်း၊ Rihanna ရဲ့ Skin နဲ့ Lil Wayne ရဲ့ Lollipop စတဲ့သီချင်းတွေပဲဖြစ်ပါတယ်။ ဒီစိတ်တွေ ချစ်သူတွေအတူရှိနေချိန် စိတ်ခံစားမှုကို အနှိုးဆွပေးဆုံးသီချင်းတွေပါပဲတဲ့။ တစ်ချို့တွေကျတော့လည်း ချစ်သူနှစ်ဦး ကြားရှိနေတဲ့ အမှတ်တရသီချင်းတွေကို ရွေးချယ်ပြီး အတူနေတဲ့အချိန်မှာ ဖွင့်တတ်ကြပါတယ်။

Credit :Trend Myanmar