Breaking News

play

တောင်ကိုရီးယာ မင်းသားနဲ့ အဆိုတော် ရိန်း (ဂျန်ဂျီဟွန်း) နဲ့ မင်းသမီး ကင်တေးဟီတို့ဟာ ဇန်နဝါရီလ ၁၉ ရက်နေ့က ဆိုးမြို့မှာ လက်ထပ်ခဲ့ကြပြီးတဲ့နောက် အင်ဒိုနီးရှား၊ ဘာလီကျွန်းကို ဟန်းနီးမွန်းထွက်သွားကြပြီဖြစ်ကြောင်း သူတို့နှစ်ဦးရဲ့အေဂျင်စီများက အတည်ပြု ပြောကြားခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ အင်ဒိုနီးရှားကျွန်းပေါ်ကို ၅ ရက် ဟန်းနီးမွန်းခရီးထွက်သွားတယ်လို့ ဆိုပါတယ်။
"ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ထိမ်းမြားခဲ့ကြတဲ့ ဂျန်ဂျီဟွန်းနဲ့ ကင်တေးဟီတို့ဟာ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ဘာလီကို ဟန်းနီးမွန်းထွက်ပါမယ်။ ပရိသတ်များစွာရဲ့ ကောင်းချီသြဘာကြောင့် မင်္ဂလာဆောင်ဟာ ချောချောမောမောပဲ ပြီးဆုံးသွားပါတယ်။ အင်ဒိုနီးရှား ဘာလီကျွန်းမှာ ၅ ရက်တာ အတူ ပျော်ရွှင်ကြမှာပါ" လို့ ရိန်းရဲ့ ကုမ္ပဏီနဲ့ လူအာအန်တာတိမ်းမန့်တို့က ပူးတွဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
play

မင်္ဂလာဆောင်ရာမှာ ဖိုက်စတားဟိုတယ်တွေသာ အမြဲရွေးချယ်လေ့ရှိတဲ့ တခြားကိုရီးယားဆယ်လီတွေနဲ့မတူဘဲ တေးဟီနဲ့ ရိန်းတို့ဟာ ဂါဟိုဒေါင် ခရစ္စယာန်ဘုရားရှိခိုးကျောင်းတော်ကြီးမှာ အကျဉ်းရုံးလို့သာ မင်္ဂလာပွဲ ဆင်နွှဲခဲ့ပါတယ်။
သူတို့ရဲ့မင်္ဂလာဆောင်ကို ဧည်သည် ၅၀ ခန့်သာ ဖိတ်ကြားခဲ့ပြီး အများစုမှာ သူတို့ရဲ့အရင်းနှီးဆုံး ဆွေမျိုးနဲ့ မိတ်ဆွေများသာ ဖြစ်တယ်လို့ သိရပါတယ်။ မင်္ဂလာဆောင်ကို တခမ်းတနားမဆောင်ခဲ့တဲ့အပြင် တေးဟီကလည်း သူမကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ ရိုးရှင်းလှတဲ့ ဂါဝန်ကိုသာ ဝတ်ဆင်ခဲ့ပါတယ်။
play

၂၀၁၂ ခုနှစ်မှာ စတင်ချစ်ကြိုက်ခဲ့ကြတဲ့ အသက် ၃၄ နှစ်အရွယ် ရိန်းနဲ့ အသက် ၃၇ နှစ်အရွယ် ကင်တေးဟီတို့ဟာ သူတို့ရဲ့အချစ်ရေးကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကျမှ လူသိရှင်ကြား ပြောခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ လက်ထပ်ဖို့အတွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလကစပြီး စီစဉ်နေခဲ့တယ်လို့လည်း သိရပါတယ်။

Source & Photos : inquist  Credit :duwun