နေလောင်ခံခရင်မ်တွေနဲ့ပတ်သက်ပြီး သင်သတိထားသင့်တဲ့ အချက် (၅) ချက်

play

၁ - မတည့်မှု
အချို့နေလောင်ခံခရင်မ်တွေမှာ ပါဝင်တဲ့ ဓာတုဗေဒပစ္စည်းတွေနဲ့ မတည့်တဲ့အခါ အရေပြားနီရဲတာတွေ၊ ယားယံတာတွေ ဖြစ်လာတတ်ပါတယ်။ အနံ့နဲ့ ရေရှည်ခံအောင် ထိန်းသိမ်းထားတဲ့ ပစ္စည်းတွေကြောင့် ဖြစ်တတ်ပါတယ်။
၂ - ဝက်ခြံ
play

နေလောင်ခံခရင်မ် အချို့ဟာ ဝက်ခြံတွေကို ပိုမိုဆိုးဝါးသွားစေနိုင်ပါတယ်။ အထူးသဖြင့် ဝက်ခြံဖြစ်လွယ်လေ့ရှိတဲ့ အရေပြားတွေမှာ ပိုဆိုးတတ်ပါတယ်။ ဒါကို ရှောင်ရှားဖို့အတွက် အဆီမပါတဲ့ နေလောင်ခံခရင်မ်မျိုးကို ရွေးချယ်သင့်ပါတယ်။
၃ - မျက်လုံးယားယံ
play

မျက်လုံးထဲ မတော်တဆဝင်မိတဲ့အခါ ယားယံတာတွေ၊ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ အလင်းရောင်ကို ကြည့်လို့မရတာတွေ ခဏတာ ဖြစ်သွားတတ်ပါတယ်။  မျက်လုံးထဲဝင်တဲ့အခါ ချက်ချင်းပဲ ရေနဲ့ သေချာဆေးပစ်ပါ။
၎ - သင့်လျော်တဲ့ အမျိုးအစား
play

နေလောင်ခံခရင်မ်တွေဟာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ လာပါတယ်။ ဂျဲလ်၊ လိုးရှင်း၊ စပရေး၊ ခရင်မ်နဲ့ ဖယောင်းတောင့်လို ပုံစံမျိုးတွေ ဖြစ်ပါတယ်။ မသင့်လျော်တဲ့ နေလောင်ခံခရင်မ်တွေဟာ အရေပြားကို တင်းကြပ်နာကျင်တာတွေ ဖြစ်တတ်ပါတယ်။
၅ - ကလေး
 ခြောက်လထက် ငယ်တဲ့ကလေးတွေမှာ နေလောင်ခံခရင်မ်ကို လုံးဝ မသုံးသင့်ပါဘူး။
Photos & Source: craze  
Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.