Breaking News

"ခြေစွမ်းမပြနိုင်တဲ့ အခါ ရော်နယ်ဒိုကို ဘယ်တော့မှ မလှောင်သင့်တဲ့ အချက် (၅) ချက်"

ရီးရဲလ်မက်ဒရစ်က မာလာဂါအသင်းကို ၂-၁  ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ  ရော်နယ်ဒိုကို ရီးရဲလ်မက်ဒရစ် ကစားသမားအချို့က ပွဲကြည့်စင်ကနေ လှောင်ပြောင်ရှုတ်ချခဲ့ကြတယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ရော်နယ်ဒိုဟာ အသင်းအတွက်ခြေစွမ်းမပြနိုင် ဖြစ်နေတဲ့အပြင် အဲဒီပွဲစဉ်မှာ ပင်နယ်တီဝင်အောင် မကန်နိုင်တဲ့အတွက် ပရိသတ်တွေ လှောင်ပြောင်ခဲ့ကြတာပါ။ ဒါပေမယ့် ရော်နယ်ဒို ခြေစွမ်းမပြနိုင်တဲ့အချိန်မှာ  မလှောင်ပြောင်သင့်ကြောင်း သက်သေပြနေတဲ့ အချက် (၅) ချက်ရှိပါတယ်။
၁။ ၃၈၂ ဂိုး
play

ရီးရဲလ်မက်ဒရစ်အသင်းအတွက် ရော်နယ်ဒိုသွင်းယူပေးထားတဲ့ ဂိုးအရေအတွက်ဖြစ်ပါတယ်။ ရီးရဲလ်ပရိသတ်တွေ အနေနဲ့ ရော်နယ်ဒိုကို လှောင်ပြောင်ချင်လာပြီဆိုရင် ဒီဂိုးအရေအတွက်ကို သတိရနေသင့်ါပတယ်။ ခုနှစ်ခွဲအတွင်း ဒီဂိုးအရေအတွက် ရီးရဲလ်မက်ဒရစ်အတွက် သွင်းယူခဲ့တာပါ။
၂။ ဘလွန်းဒီအော် ၄ ကြိမ်
play

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို လေးကြိမ်တိုင်တိုင် ရထားပြီသူဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်း သမိုင်းမှာ ဘလွန်းဒီအော်ဆု လေးကြိမ်ရထားတဲ့ ကစားသမားမရှိခဲ့ပါဘူး။ အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးဘောလုံးသမားဆိုတာ သက်သေပြနေတဲ့ ဆုတံဆပ်တွေဖြစ်ပါတယ်။
၃။ ချန်ပီယံလိဂ်
play

ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်အတွက် ချန်ပီယံလိဂ်မှာ ၉၄ ဂိုးသွင်းယူထားသူဖြစ်ပါတယ်။ ရီးရဲလ်က ချန်ပီယံလိဖလား ၁၀ ကြိမ်မြောက်ရခဲ့တဲ့နေရာမှာ ဒီဂိုးတွေက အထောက်အကူ ပြုထားတာဖြစ်ပါတယ်။ မနှစ်က ဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ်ချန်ပီယံဖြစ်ပြီး ၁၁ ကြိမ်မြောက်ဥရောပ ဖလားကို ရော်နယ်ဒိုနဲ့အတူ ယူနိုင်ခဲ့ပါတယ်။
၎။ မက်ဆီရှိနေရခြင်း အကြောင်းရင်း
play

ရော်နယ်ဒိုကြောင့် မက်ဆီဖြစ်လာတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ရော်နယ်ဒိုသာ လာလီဂါပြိုင်ပွဲမှာ မရှိခဲ့ရင် မက်ဆီဟာ ဘာစီလိုနာနဲ့ လာလီဂါမှာ ပြိုင်ဘက်မရှိဖြစ်နေပါလိမ့်မယ်။ ပြီးခဲ့တဲ့ ခုနှစ်နှစ်ခွဲအတွင်း တစ်နှစ်ထက်တစ်နှစ်ပိုကောင်းလာခဲ့တဲ့ မက်ဆီကိုမြင်ရတာဟာ စပိန်လာလီဂါ ပြိုင်ပွဲမှာ သူ့ကိုယှဉ်ပြိုင်နေတဲ့ ရော်နယ်ဒိုလို ကစားသမားမျိုးရှိနေလို့ ဖြစ်ပါတယ်။
၅။ ဘယ်သူမှ မရနိုင်တဲ့ လုပ်ခလစာ
play

အခုလက်ရှိမှာတော့ ရော်နယ်ဒိုထက် လစာများတဲ့ ကစားသမားတွေရှိနေပြီးသားပါ။ ဒါပေမယ့် အမည်မဖော်ပြနိုင်သေးတဲ့ တရုတ်စူပါလိဂ်ကလပ်အသင်းတစ်သင်းဟာ ရော်နယ်ကို တစ်ပတ်လုပ်လစာ ဒေါ်လာ နှစ်သန်းအထိ ပေးပြီးကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ တစ်လကို ဒေါ်လာရှစ်သန်း လခရမယ့် အလုပ်မျိုးဟာ ကမ္ဘာပေါ်မှာ နှစ်ခုမရှိနိုင်ပါဘူး။

Source : Mirror