အသက် ၇ နှစ်အရွယ် မိန်းကလေးကို လည်ပင်းဖြတ် သတ်ခဲ့မှုနှင့် ဆယ်ကျော်သက်မိန်းကလေးတစ်ဦးကို ဖမ်းဆီးထား

အသက် ၇ နှစ်အရွယ် ကလေးငယ်မိန်းကလေးတစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီးနောက် အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်မိန်းကလေးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
play
သေဆုံးခဲ့ရသူ ကေတီ

အင်္ဂလန်နိုင်ငံ ယော့ခ်မြို့မှာနေထိုင်သူ အသက် ၇ နှစ်အရွယ် ကေတီရော့ခ်ျဟာ မူလတန်းကျောင်းကပြန်လာပြီးတဲ့နောက် လည်ပင်းပြတ်နေတဲ့ ဒဏ်ရာတွေနဲ့ တွေ့ခဲ့ရတာဖြစ်ပါတယ်။ သူမရဲ့မိခင်ဖြစ်သူ အသက် ၃၈ နှစ်အရွယ် အယ်လီဆင်ဟာ ဒီအဖြစ်ကို သိလိုက်ရပြီးနောက် လဲပြိုကျကာကာ ရှိုက်ကြီးတငငင် ငိုကြွေးခဲ့ပါတော့တယ်။ ကေတီကို ဆေးရုံပို့ဆောင်ခဲ့ပေမယ့် အချိန်အနည်းငယ်သာ ဆက်လက်အသက်ရှင်ပြီး သေဆုံးသွားခဲ့ပါတယ်။
play
မိခင်ဖြစ်သူ မင်္ဂလာပွဲတွင် သတို့သမီးအရန် လုပ်ပေးခဲ့သည့် ကေတီ

ရဲတပ်ဖွဲ့ဟာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို လူသတ်မှု၊ အန္တရာယ်ရှိစေသော လက်နက်ကိုင်ဆောင်မှုတွေနဲ့အတူ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။ ကေတီဟာ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ကျောင်းကအပြန် အိမ်ဘေးမြက်ခင်းပြင်ပေါ်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူမရဲ့မိခင်နဲ့အတူ ခင်ပွန်းအသစ်တို့ဟာ ကေတီဒဏ်ရာတွေနဲ့ လဲနေတာ တွေ့ရှိခဲ့ပြီးနောက် ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခဲ့ကြပါတယ်။ " သူမ ကျွန်မသမီးကိုသတ်တာ"လို့လည်း ကေတီရဲ့မိခင် အယ်လီဆင်က အော်ဟစ်နေခဲ့ကြောင်း အိမ်နီးချင်းတွေက ပြောပြကြပါတယ်။
play
ကေတီသေဆုံးခဲ့ရာ နေရာ

ကလေးငယ် ကေတီကို သတ်ဖြတ်မှုနဲ့ စွဲချက်တင်ထားသူ မိန်းကလေးကိုတော့ ဘယ်သူလဲဆိုတာ ဥပဒေကြောင်းအရ မပြောနိုင်သေးကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ အခုဆိုရင် ကေတီတို့ မိသားစုကို ကူညီဖို့ ရန်ပုံငွေရှာဖွေရဲ့ စာမျက်နှာဖြစ်တဲ့ GoFundMe မှာ လူစုနေကြပြီဖြစ်ပါတယ်။
Source : Mirror


Share on Google Plus

About Myanmar Magazine Onilne