Breaking News

အမျိုးသမီးတစ်ယောက်အနေနဲ့ အိမ်ထောင်မပြုခင် လုပ်ဖူးသင့်တဲ့အရာ ( ၁၀ ) မျိုး



အိမ်ထောင်ပြုတော့မယ့် အမျိုးသမီးတစ်ဦးဟာ အိမ်ထောင်မပြုခင် အနည်းဆုံးလုပ်ဖူးသင့်တဲ့အရာတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ထောင်ပြုတဲ့အခါ ဘယ်လိုပဲ စိတ်တူကိုယ်တူ ချစ်သူနဲ့အတူနေရနေရ၊ အရင်က ပိုင်ဆိုင်ခဲ့ဖူးတဲ့ လွတ်လပ်မှုမျိုးကိုတော့ မရရှိနိုင်တော့သလို တစ်ချို့အရာတွေက အိမ်ထောင်မပြုခင် လုပ်ဆောင်ထားမှ အိမ်ထောင်ပြုတဲ့အခါ ပိုအဆင်ပြေ အထောက်အကူပြုသွား တာမျိုးလည်း ရှိနေတာကြောင့်ပါ။ ကဲ ဘယ်လိုအရာမျိုးတွေများလဲ။ ကြည့်လိုက်ကြရအောင်။

၁။သင်ဟာ တစ်ယောက်တည်း အချိန်တွေကို ကုန်ဆုံးဖူးတဲ့သူ ဖြစ်ရင်ဖြစ် မဟုတ်ရင်လည်း တစ်လတန်သည်၊ နှစ်လတန်သည် မိဘနဲ့ခွဲပြီး နေထိုင်ဖူးသင့်ပါတယ်။

၂။သင်ကိုယ်တိုင်စုဆောင်းထားတဲ့ သင့်ကိုယ်ပိုင် ငွေကြေး ရှိသင့်ပါတယ်။

၃။ဘာမှမချက်ပြုတ်တတ်ရင်တောင် အခြေခံချက်ပြုတ်နည်းလေးတွေတော့ သိထားသင့်ပါတယ်။ ဒါဟာ အခြားလူကို ချက်ကျွေးဖို့ဆိုတာထက် တစ်ခုခုဆို ကိုယ့်ဘသာကိုယ် ချက်ပြုတ်စားတတ်အောင်ပါ။

၎။ပြသနာတွေ အကြီးအကျယ်တက်ခဲ့ရင်၊ ဒါမှမဟုတ် ပြသနာတွေ ကြုံတွေ့လာရတဲ့အခါ ဘယ်လိုစိတ်တည်ငြိမ်အောင် ထားမလဲဆိုတဲ့အပိုင်းကိုလည်း လျစ်လျူမရှုစေလိုပါဘူး။

၅။တစ်နေရာရာကို တစ်ယောက်တည်း ခရီးထွက်ဖူးသင့်ပါတယ်။

၆။ကိုယ်ဝါသနာပါတဲ့ အရာတစ်ခုခုကို မဖြစ်မနေ လုပ်ဆောင်ကြည့်ပါ။

၇။ အိမ်ထောင်ပြုပြီး ဘယ်လောက်ကြာမှ ကလေးယူမယ် ဆိုတာမျိုးလည်း ကြိုစဉ်းစားသင့်ပါတယ်။

၈။ သူငယ်ချင်းတွေနဲ့ အကြိမ်ရေ ခပ်များများ ခပ်စိပ်စိပ်တွေ့နိုင်အောင် ကြိုးစားပါ။

၉။မိဘတွေကိုလည်း ပိုအချိန်ပေးလိုက်ပါ။

၁၀။ သင်အကြိုက်ဆုံး ရုပ်ရှင်တွေ ပြန်ကြည့်တာမျိုး၊ သင်သဘောကျနေတဲ့ အကျီ၊ အ၀တ်အစား ၀ယ်လိုက်တာမျိုး၊ သင်ကြိုက်တဲ့ အဆင်တန်ဆာတစ်ခုခုကိုဝယ်လိုက်တာမျိုးတွေလည်း လုပ်ပါ။

Credit :Trend Myanmar