ဖိုတိုရှော့သုံးတယ်လို့ စွပ်စွဲခံနေရတဲ့ ခိုင်လီဂျန်နာရဲ့ဓာတ်ပုံ

play
အသက် ၁၉ နှစ်အရွယ် ခိုင်လီဂျန်နာဟာ ချစ်သူ တိုင်ဂါရဲ့ပေါင်ပေါ်မှာ ထိုင်နေတဲ့ ဓာတ်ပုံတစ်ပုံကို ဆိုရှယ်မီဒီယာမှာ တင်လိုက်တာ အငြင်းပွားစရာဖြစ်လာခဲ့ပါတယ်။
သိမ်းငှက်မျက်လုံးတွေလို အမြင်စူးရှလှတဲ့ ပရိသတ်တွေဟာ ခိုင်လီဂျန်နာရဲ့ ဘယ်ဘက်ခြေထောက်က ထူးခြားတဲ့ အစက်ကြီးတစ်ခုကို သတိထားမိခဲ့ကြပါတယ်။
play

တိုင်ဂါရဲ့ ရင်ခွင်ထဲက ခိုင်လီရဲ့ပုံစံဟာ စွဲမက်ဖွယ် အပြည့်ဖြစ်ပေမဲ့ မကြာခင်မှာပဲ ပရိသတ်က ဓာတ်ပုံရဲ့ထူးခြားချက်ကို သတိပြု ထောက်ပြလာခဲ့ပါတယ်။

"သူ့ဒူးမှာ နို့သီးခေါင်းရှိနေတယ်" လို့ တစ်ဦးက ဓာတ်ပုံအောက်မှာ ရေးလာခဲ့ပါတယ်။
"သူ့ရဲ့ပိန်လှီနေတဲ့ ခြေထောက်ပေါ်မှာ နို့သီးခေါင်းရောက်နေတယ်။ အသုံးမကျတာကို ငွေနဲ့ ပြုပြင်လို့မရဘူး" လို့ တစ်ဦးးက ရေးထားပြန်ပါတယ်။
play

ဒါပေမဲ့လည်း ခိုင်လီ့မှာ သူမဘက်က ခုခံကာကွယ်ပြောပေးမယ့် အမာခံပရိသတ်တွေလည်း ရှိနေပါတယ်။
"သူ့ခြေထောက်က တိုင်ဂါရဲ့ခြေထောက်နောက်ကို ရောက်နေတာပါ။ သူတို့ရဲ့ဒူးဆစ်တွေကို ကြည့်လိုက်လေ။ ခိုင်လီ့ရဲ့ခြေထောက်တွေကို တွေ့နေတာပဲ" လို့ တစ်ဦးက ဆိုထားပါတယ်။
play

တိုင်ဂါနဲ့ ခိုင်လီတို့ဟာ ပြီးခဲ့တဲ့အပတ်က မက္ကဆီကိုကို သွားရောက်အပန်းဖြေခဲ့တာ ဖြစ်ပြီး နှစ်ယောက်သား ပွေ့ဖက်ကြည်နူးနေပုံတွေကို ခိုင်လီက အဆက်မပြတ် မျှဝေခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံတွေအားလုံးထဲမှာ ခိုင်လီရဲ့လှပလွန်းတဲ့ ကောက်ကြောင်းကို မြင်တွေ့ရပြီး အခုဓာတ်ပုံကိုတော့ မနေ့ကမှ တိုင်ဂါက မျှဝေလိုက်တာဖြစ်ပါတယ်။
Source & Photos : Mirror
Share on Google Plus

About Myanmar Magazine Onilne