Breaking News

အသက်ရှည်ဖို့ အမြဲရှိသင့်တဲ့ အလေ့အကျင့်လေးတွေ

play

ခန္ဓာကိုယ်
ယခုထက် ရေပိုသောက်ပါ။ တစ်နေ့ ၂ လီတာကနေ ၃ လီတာထိ သောက်သင့်ပါတယ်။
 - မနက်စာ အလွတ်မခံပါနဲ့။ ပေါ့ပေါ့ပါးနဲ့ အဟာရဖြစ်မယ့် မနက်စာမျိုးကို စားပါ။
 - မျှတအောင်စားပါ။ အဆီ၊အသား၊ အသီးအရွက်ကို မျှတအောင်စားပါ။
 - အချိန်မှန်မှန်စားပါ။ ညစာကို  ၆ နာရီကနေ ၉ နာရီတွင်း စားသင့်ပါတယ်။
 - အသားစားလျော့ချပါ။ လုံးဝရှောင်တာကြီးလည်း မလုပ်ပါနဲ့။
 - ဘာဝယ်ဝယ် သက်တမ်းဖော်ပြထားတဲ့ အစားအစာမျိုးကိုဝယ်ပါ။ သက်တမ်းကုန်ဆုံးရက်ကိုလည်း ကြည့်ပါ။
 - ပေါင်အမြဲချိန်ပါ။ ပုံမှန်ခန္ဓာကိုယ်လေ့ကျင့်ခန်းတစ်ခု အမြဲလုပ်ပါ။ တစ်ပတ်တစ်ခါလုပ်သင့်ပါတယ်။ သွားရင်းလာရင်းနဲ့လည်း  လေ့ကျင့်ခန်းလုပ်ပါ။ ဓာတ်လှေကားနဲ့ တက်မယ့်အစား လှေကားနဲ့တက်တာမျိုးပါ။
 - ညဘက်အိပ်ရေးဝဝအိပ်ပါ။
စိတ်
play

 - ရောင့်ရဲတဲ့စိတ် မွေးပါ။ ရည်မှန်းချက်ကြီးကြီးထားပြီး သေးသေးလေးက စလုပ်ပါ။
 - သူငယ်ချင်းကို ညဏ်နဲ့ရွေးပြီး နှလုံးသားနဲ့ပေါင်းပါ။
 - အလုပ်ကြိုးစားလုပ်ပြီး အနားယူတဲ့အခါမှာလည်း ကောင်းကောင်းအနားယူပါ။
အကျင့်
play

 - လုံခြုံတဲ့ လိင်ဆက်ဆံမှုကိုပဲ ရွေးချယ်ပါ။
 - အရက်ကိုတွေ့ရာ တံဆိပ် မသောက်ပါနဲ့။
 - ဆေးလိပ်နဲ့ မူးယစ်ဆေးဖြတ်ပါ။
Photos & Source: wikiHow Credit :duwun