Breaking News

ဘီယာသောက်သင့်တဲ့ အကြောင်းအရင်း (၁၀) ချက်



ဘီယာဆိုတာ လူတွေ အစားအသောက်နဲ့ တွဲဖက်သုံးဆောင်လေ့ရှိတဲ့ အယ်ကိုဟောပါဝင်တဲ့ သောက်ဖွယ်တစ်မျိုး ဖြစ်ပါတယ်။ ဘီယာမှာ စပျစ်ဝိုင်ထက် ဗီတာမင် B နဲ့ ပရိုတိန်းဓာတ် ပိုကြွယ်ဝပါတယ်။ ဒါပေမယ့် ဓာတ်ဆန့်ကျင်ပစ္စည်း antioxidant ပါဝင်မှုက အတူတူပင် ဖြစ်ပါတယ်။ ဘီယာချက်ဖို့ အဓိကပါဝင်ပစ္စည်းထဲမှာ ဓာတ်ဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ flavonoid ပမာဏမြင့်မားစွာ ပါရှိပါတယ်။ ဘီယာမှာ နောက်ထပ် အကျိုးပြုပစ္စည်းတစ်ခုမှာ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုပေါ် အကျိုးပြုတဲ့ သတ္တုဓာတ်တွေ ကြွယ်ဝပါတယ်။

ဘီယာသောက်တာ ကျန်းမာရေးအတွက် ကောင်းတဲ့ အကြောင်းအရင်း (၁၀) ခုက …

၁။ မကောင်းတဲ့ ကိုလက်ထရောအတွက်

ဘီယာဟာ သူ့မှာ ပါဝင်တဲ့အမျှင်ဓာတ်ကြောင့် အကျိုးမပြုတဲ့ ကိုလက်ထရောပမာဏတွေ လျှော့ချရာမှာ အရမ်းကောင်းမွန်ပါတယ်။

၂။ အရိုးပိုမိုသန်မာစေဖို့အတွက်

ဘီယာက အရိုးတွေ ပိုသန်မာစေပါတယ်။ ဘီယာမှာ အရိုးကျစ်လစ်မှု ပိုမိုအားကောင်းစေတဲ့ ဆီလီကွန်ပမာဏ မြင့်မားစွာ ပါဝင်ပါတယ်။

၃။ နှလုံးရောဂါအတွက်

ဘီယာသောက်ခြင်းက နှလုံးရောဂါ လျှော့နည်းစေပါတယ်။ ဘီယာသောက်သူတွေဟာ မသောက်သူတွေထက် နှလုံးရောဂါဖြစ်ပွားမှုအန္တရာယ် ၄၀ ကနေ ၆၀ ရာခိုင်နှုန်း ပိုနည်းတတ်ကြပါတယ်။

၎။ မှတ်ဥာဏ်ပိုကောင်းဖို့အတွက်

ဘီယာက မှတ်ဥာဏ်အတွက်လည်း ကောင်းမွန်ပါတယ်။ ဘီယာက မှတ်ဥာဏ်စွမ်းရည် ပိုတိုးစေကြောင်း သိပ္ပံပညာရှင်အများအပြား အတည်ပြုကြပါတယ်။ ဘီယာသောက်သူတွေဟာ မသောက်သူတွေထက်စာရင် အယ်လ်ဇိုင်းမားရောဂါနဲ့ ဦးနှောက်ဥာဏ်ရည်ကျဆင်းမှုရောဂါ ဖြစ်ပွားနိုင်ခြေ ပိုနည်းကြပါတယ်။

၅။ ကျောက်ကပ်အတွက်

ကျောက်ကပ်ကျောက်တည်သူတွေ ဘီယာနဲ့ ဖြေရှင်းနိုင်ပါတယ်။ ကျွမ်းကျင်သူတွေ ဘီယာမှာ ကျောက်ကပ်ကျောက်တည်မှုအပေါ် အကျိုးသက်ရောက်မှုကို လေ့လာခဲ့ပြီး ဘီယာဟာ ကျောက်ကပ်ကျောက်တည်မှုအန္တရာယ် ၄၀% လျှော့နည်းစေနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

၇။ ဗီတာမင်ဓာတ် ပိုရဖို့အတွက်

ဘီယာက ဗီတာမင် B ပမာဏ တိုးမြင့်ပေးနိုင်တယ်လို့ ကျွမ်းကျင်သူတွေ ဆိုပါတယ်။ ဘီယာမှာ ဗီတာမင် B (B1, B2, B6 နဲ့ B12) ပါရှိပါတယ်။ ဘီယာသောက်သူတွေဟာ မသောက်သူတွေထက် ဗီတာမင် B6 ပမာဏ ၃၀% ပိုများပြီး ဝိုင်သောက်သူတွေထက် ၂ ဆ ပိုများကြတယ်လို့ ဆိုပါတယ်။ ဘီယာက ဗီတာမင် B12 ရဲ့ ရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်။

၈။ အိပ်မပျော်မျက်စိကြောင်ခြင်းအတွက်

အိပ်မပျော်ရောဂါခံစားပါက သင့်ကို ဘီယာက ကူညီပေးနိုင်ပါတယ်။ ဘီယာမှာ ပါတဲ့ lactoflavin နဲ့ nicotinic က ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

၉။ သွေးခဲခြင်းအတွက်

ဘီယာက သွေးခဲမှုဖြစ်ပွားခြင်းကာကွယ်ဖို့ အင်မတန်ကောင်းမွန်တယ်လို့ ကျွမ်းကျင်သူတွေ အခိုင်အမာဆိုထားပါတယ်။

၁၀။ စိတ်ဖိစီးမှု ခုခံဖို့

ဘီယာမှာတွေ့ရတဲ့ ပါဝင်စ္စည်းတွေက စိတ်ဖိစီးမှုကို ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကြမှု လျှော့နည်းစေဖို့ ဘီယာ တစ်နေ့ ၂ ခွက်သောက်ဖို့ ကျွမ်းကျင်ပညာရှင်တွေ အကြံပြုထားပါတယ်။
Credit :Trend Myanmar