ခက်ရှာနဲ့ ဒေါက်တာလုခ်အမှုမှာ ပါဝင်ပတ်သက်နေတဲ့ ကေတီပယ်ရီနဲ့ လေဒီဂါဂါ

play

ခက်ရှာဟာ ထုတ်လုပ်သူ ဒေါက်တာလုခ်ကို စွဲချက်တင်ထားတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ရုတ်သိမ်းလိုက်ပြီဖြစ်ပေမဲ့ ယင်းအမှုကို နယူးယော့ခ်မှာ ဆက်ရင်ဆိုင်ဖို့ ရည်ရွယ်ထားပါတယ်။
ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ အခြေအနေ ကြားနာမှုလုပ်ခဲ့ပြီး သက်သေအသစ်တွေ ပါဝင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက ကက်ရှာမှ လေဒီဂါဂါကို ပေးပို့တဲ့ စာမက်ဆေ့ကို တရားသူကြီးက လက်ခံရရှိပြီး ချိတ်ပိတ်ထားတယ်လို့ စာရွက်စာတမ်းများအရ သိရပါတယ်။
play

အဲဒီမက်ဆေ့အကြောင်းကို သိသူက လေဒီဂါဂါ တစ်ဦးတည်းတင် မဟုတ်ဘဲ ကေတီပယ်ရီလည်းပါတယ်လို့ ဆိုပါတယ်။
ယင်းစာမက်ဆေ့ထဲမှာ ဘယ်လိုအကြောင်းအရာမျိုးတွေ ပါဝင်တယ်ဆိုတာကို မသိရသေးသလို တရားရင်ဆိုင်ရာမှာ အသုံးပြုမှာ ဖြစ်တဲ့အတွက်လည်း အကြောင်းအရာကို လျှို့ဝှက်ထားမှာ ဖြစ်ပါတယ်။
play

အောက်တိုဘာလတုန်းက ဒေါက်တာလုခ်ဟာ ခက်ရှာအပေါ် အနိုင်ကျင့်စော်ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး ခက်ရှာကို ဝင်ငွေမရှိဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။
Source & Photos : Mirror 

Credit :duwun


Share on Google Plus

About Myanmar Magazine Onilne