ဖီဖာဆု ရသူများကို လက်ဆောင်ပေးမည့် ကျပ်သိန်း ၉၆၀ ကျော် တန်ဖိုးရှိ နာရီများ ပျောက်ဆုံးခဲ့

ဖီဖာတစ်နှစ်တာ အကောင်းဆုံး ဆုပေးပွဲမှာ ဆုတံဆိပ်ရရှိခဲ့သူတွေကို ချီးမြှင့်ဖို့ စီစဉ်ထားခဲ့တဲ့ တန်ဖိုးကြီးနာရီခြောက်လုံးဟာ ပျောက်ဆုံးနေခဲ့ကြောင်း သိရပါတယ်။
play

ဆုပေးပွဲ ကျင်းပရေးတာဝန်ရှိသူတွေအနေနဲ့ အဆိုပါတန်ဖိုးကြီးနာရီတွေ ပျောက်ဆုံးမှုကို အဖြေရှာနေပြီ ဘယ်နေရာ ရောက်မှန်း မသိဘူးသေးဘူးလို့ ပြောထားကြပါတယ်။ ဇူးရစ်ခ်ျမြို့မှာ ကျင်းပခဲ့တဲ့ အဆိုပါ ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဘောလုံးသမားဆုရ ရော်နယ်ဒိုနဲ့ အကောင်းဆုံးနည်းပြဆုရ ရေနီယာရီ အပါအဝင် စုစုပေါင်း အကောင်းဆုံးဆုရှင် ခြောက်ဦးကို နာရီတွေလက်ဆောင်ပေးဖို့ ဖီဖာက စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ တန်ဖိုးကြီးနာရီတွေ ထုတ်လုပ်ရာမှာ နာမည်ကျော်တဲ့ Hublot အမှတ်တံဆိပ် အမျိုးအစားဖြစ်ပြီး နာရီတစ်လုံးကို စတာလင်ပေါင် တစ်သောင်း (မြန်မာငွေ ၁၆၀ ခန့်) တန်ကြေးရှိတဲ့ နာရီတွေဖြစ်ပါတယ်။
play
နာမည်ကျော် နာရီအမှတ်တံဆပ် Hublot

ဇူးရစ်ခ်ျမြို့မှာ ရှိတဲ့ ဖီဖာရုံးချုပ်ကနေ ဖီဖာ ရုပ်သံအစီအစဉ်နဲ့ အခမ်းအနားတွေ ရိုက်ကူးတဲ့ စတူဒီယိုကို သယ်ဆောင်အလာ လမ်းမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဆုရသူတွေကို မပေးအပ်ခင် နောက်ဆုံးမိနစ်အထိ အဆိုပါနာရီတွေ ရှာမတွေ့ခဲ့တာကြောင့် အခြားနာရီတံဆိပ်ဖြစ်တဲ့ Parmigiani  နာရီတွေကို လက်ဆောင်အဖြစ် အစားထိုးပေးလိုက်ရတယ်လို့ သိရပါတယ်။
play

ရယ်စရာကောင်းတာက အစားထိုးပေးလိုက်ရတဲ့ နာရီတွေဟာ ၂၀၁၄ ကမ္ဘာ့ဖလား ကျင်းပခွင့်ရခဲ့တဲ့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်က ဖီဖာကို လက်ဆောင်ပေးထားခဲ့တွောဖြစ်ပြီး တစ်လုံးကိုစတာလင်ပေါင် ၁၆၀၀၀ လောက်တောင်ဖိုးရှိတဲ့နာရီတွေဖြစ်ခဲ့ပါတယ်။ အခုတော့ စတာလင်ပေါင် ခြောက်သောင်းဖိုးတန်ဖိုးရှိတဲ့ နာရီတွေပျောက်ဆုံးမှုကို စုံစမ်းစစ်ဆေးမှု စတင်နေပြီဖြစ်ပါတယ်။
ဖီဖာအကောင်းဆုံး ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဘောလုံးသမားဆိုကို ရော်နယ်ဒို၊ နည်းပြဆုကို လက်စတာနည်းပြ ရေနီယာရီ၊ အမျိုးသမီးဘောလုံးသမားဆုကို အမေရိကန်ဘောလုံးသမား ကာလီလွိုက်နဲ့ အလှဆုံးဂိုးဆုကို မလေးရှားဘောလုံးသမားတို့က ရရှိခဲ့တာဖြစ်ပါတယ်။
Source : Daily Mail Credit :duwun





Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.