Breaking News

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု ကွင်းဆက်တရားခံ ဦးမြင့်ဆွေဆိုသူကို ဖမ်းဆီးရမိ


ဇန်န၀ါရီလ ၂၉ ရက်နေ့ ညနေက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာသေနတ်နဲ့ပစ်လုပ်ကြံခံခဲ့ရတဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြု အဖွဲ့ဝင် ဦးကိုနီအမှုအတွက် သံသယရှိဆက်စပ်တရားခံ ဦးမြင့်ဆွေကို မြ၀တီမြို့မှာဖမ်းမိခဲ့တယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ဒုတိယရဲမှူးကြီးကံဝင်းက CNB သတင်းဌာနကို ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲစစ်ဆေးချက်တွေအရ ရှေ့နေဦးကိုနီကို သတ်ဖို့စေခိုင်းတဲ့သူက ဦးမြင့်ဆွေဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားတဲ့နေ့မှာ သူကလေဆိပ်ကို ခေါ်သွားခဲ့ပြီး ဦးကိုနီ ကိုပြကာ သေနတ်ပါတဲ့လွယ်အိတ်တစ်အိတ်ပေးပြီး အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့တာလို့ ထွက်ဆိုထားပါတယ်။
ပြစ်မှုကျူးလွန်သူ ကြည်လင်းကို ခိုင်းစေခဲ့တဲ့ မြင့်ဆွေက ဘုရားခိုးဂိုဏ်းမှာပါဝင်ခဲ့ သူတစ်ဦးဖြစ်ပြီး လူသတ်မှုကျူးလွန်ခဲ့တဲ့ ကြည်လင်းက ဘုရားခိုးမှုနဲ့ ထောင်ဒဏ် ၂၇နှစ် ကျခံခဲ့ဖူးကာ ၂၀၁၄ ခုနှစ်မှာ မန္တလေးအိုးဘိုထောင်ကနေ လွတ်မြောက်ခဲ့ကာ ထောင်ကနေ လွတ်ဖို့ ၁၆ နှစ်ကျန်ပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူဖြစ်ပါတယ်။
Source :CNB