Breaking News

အရွယ်ရောက်ပြီဆိုတာကို ပြသလိုက်တဲ့ ဘယ်လာသွန်း

play

Shake It Up အမေရိကန်ရုပ်သံဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်စဉ်က ကလေးသာသာအရွယ်သာ ရှိသေးတဲ့ ဘယ်လာသွန်းလေးဟာ သူမအရွယ်ရောက်လာပြီဆိုတာကို ဘွတ်ဖိနပ်လေးတစ်ရံသာစီးလို့ ပြသလိုက်ပါတယ်။
အသက် ၁၉ နှစ်အရွယ် မင်းသမီးလေးဟာ အဲဒီပုံကို တွစ်တာမှာ တင်ခဲ့ပြီး စောင့်ကြောင့်လေးထိုင်ကာ တစ်ကိုယ်လုံးကို ကာထားတဲ့အတွက် အဝတ်အစားမပါပေမဲ့ အကြည့်ရိုင်းလွန်းတဲ့ ဓာတ်ပုံတော့ မဖြစ်ခဲ့ပါဘူး။
play

ပထမဆုံးဇာတ်ကားရိုက်စဉ်မှာ အသက် ၁၀ နှစ်ကျော်သာ ရှိသေးတဲ့ ဘယ်လာသွန်းဟာ ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးပြီးဖြစ်ပြီး ကိုယ်ပိုင်အိမ်တောင် ဝယ်နိုင်နေပြီဖြစ်ပါတယ်။
သူမမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက လော့ဆန်းဂျလိစ်မှာ အကျယ် စတုရန်းပေ ၄၀၀ ရှိပြီး အိပ်ခန်း ၆ ခန်း ပါဝင်တဲ့ဒေါ်လာ ၂ သန်းတန် အိမ်တစ်လုံးကို ဝယ်ယူလိုက်တာဖြစ်ပါတယ်။
play

ဘယ်လာဟာ အင်္ဂလိပ်မင်းသား Gregg နဲ့ လမ်းခွဲပြီးနောက် မိန်းကလေးတစ်ဦးကို အနမ်းခြွေနေတဲ့ဓာတ်ပုံကို ဆိုရှယ်မီဒီယာကနေ မျှဝေရင်း သူမဟာ လိင်တူလိင်ကွဲနှစ်မျိုးစလုံး စိတ်ဝင်စားသူပါလို့ ဒီနှစ်အစောပိုင်းက ပြောခဲ့ဖူးပါတယ်။
သရုပ်ဆောင်မင်းသား တေလာပေါ့ဆေး၊ ချာလီပွတ်သ်တို့နဲ့လည်း တွဲခဲ့ဖူးတဲ့ ဘယ်လာဟာ သူမ သဘောကျနှစ်ခြိုက်ရတဲ့ အိပ်မက်ထဲက အမျိုးသမီးတွေကတော့ ဒမ်မီလိုဗာတိုနဲ့ မိုင်လီဆိုင်းရက်စ်လို့လည်း သူမက ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ဖူးပါတယ်။

Source & Photos : Daily Mail  

Credit :duwun