Breaking News

လူငယ်စုံတွဲနှစ်ယောက် မကောင်းဆိုးရွား ပူးကပ်ခံရသဖြင့် ဘုရားကျောင်း ခေါ်သွားရ


play

သူတို့နှစ်ဦးရဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်မှာ ရေပန်စားလာခဲ့တာပါ။ ဗီဒီယိုဖိုင်မြင်ကွင်းအရ လူငယ်တွေဖြစ်ကြတဲ့ အမျိုးသားရော ၊အမျိုးသမီးပါ မြေပြင်ပေါ်မှာ လူးလိမ့်ပြီး ပုံမှန်အသိပျောက်နေခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ချစ်သူတွေဖြစ်ကြပြီး လူငယ်အမျိုးသားက အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်ကာ မိန်ကလေးငယ်ကတော့ ၁၆ နှစ်သာရှိပါသေးတယ်။
play

မြေပြင်ပေါ်မှာ လူလိမ့်နေတဲ့ အမျိုးသမီးငယ်ဟာဟာ ပါးစပ်နေ " စုန်းမတစ်ယောက် လာနေကြောင်းနဲ့ အရမ်းကြောက်ကြောင်း" ကိုမပီမသ ပြောကြားနေခဲ့တာတွေ့ရပါတယ်။ သူတို့နှစ်ဦးရဲ့ဘေးမှာ ဝိုင်းပြီးကူညီပေးနေသူတွေ ရှိပေမယ့် စုံတွဲဟာ လူတွေကို ဂရုမစိုက်ပဲ မမြင်ရတဲ့အရာကိုသာ အထိတ်တလန့် ဖြစ်နေခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်းမှာ သူတို့နှစ်ဦးရဲ့ မိသားစုဝင်တွေက  Mount Sinai ဘုရားကျောင်းကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ မိသားစုဝင်တွေကလည်း သူတို့နှစ်ဦးဟာမကောင်းဆိုးရွား ပူးကပ်ခံရတာလို့ အတိအလင်း ပြောပြခဲ့ပါတယ်။
Source : Mirror