Breaking News

ချစ်သူက သစ္စာဖောက်ခဲ့ရင် ဆောင်းဂျီဟို ဘာလုပ်မလဲ

play

တောင်ကိုရီးယားမင်းသမီး ဆောင်းဂျီဟိုက ELLE Korea နဲ့ အင်တာဗျူးမှာ အိမ်ထောင်ရေး၊ သစ္စာဖောက်မှုနဲ့ ကွာရှင်းပြတ်ဆဲမှုတွေနဲ့ ပတ်သက်ပြီး သူမရဲ့အမြင်တွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဆောင်းဂျီဟိုဟာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး လူတွေ သိမှာ ကြောက်တဲ့သူ မဟုတ်ပါဘူး။ သူမဟာ အဆိုတော် ရက်ပါ Kang Gary နဲ့ ချစ်သူတွေဖြစ်နေတယ်လို့ သတင်းထွက်နေတဲ့အပြင် သူမရဲ့ကုမ္ပဏီက CEO နဲ့လည်း ချစ်သူတွေဖြစ်ခဲ့ဖူးပါတယ်။
သူမနဲ့ C-JeS Entertainment ရဲ့စီအီးအို Baek Chang Ju တို့အကြောင်းဟာ ၂၀၁၂ ခုနှစ်တုန်းက လူပြောများတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။
play

ဒါပေမဲ့ အဲဒီအချိန်ကစပြီး သူမရဲ့အချစ်ရေးက ငြိမ်သက်နေခဲ့ပါတယ်။ အခုတော့ Elle နဲ့ အင်တာဗျူးမှာ သူမရဲ့ခံစားချက်တွေကို ဖွင့်ဟလာခဲ့ပါတယ်။
"ကျွန်မဟာ ကျွန်မရ့ဘဝသက်တမ်းတစ်ဝက် ကုန်လွန်ခဲ့တာဖြစ်ပေမဲ့ ကျွန်မရဲ့ ကျန်ရှိတဲ့ သက်တမ်းတစ်ဝက်မှာ လက်တွဲဖော်အစစ်အမှန်ကို ရှာမယ်ဆိုရင်တောင် တွေ့မယ်လို့ သေချာပေါက် မပြောနိုင်ဘူးလေ။ ကျွန်မရဲ့ ဘဝလက်တွဲဖော်လို့ ကျွန်မထင်တဲ့ လူတစ်ယောက်ကို တွေ့ရင်တော့ ကျွန်မ လက်ထပ်မှာပဲ ဒါပေမဲ့ မတွေ့ဘူးဆိုရင်လည်း ခင်ပွန်းမရှိတဲ့အတွက် ဝမ်းနည်းမနေဘဲ ဘဝကို ပျော်ပျော်ပဲ ဖြတ်သန်းမှာပါ" လို့ သူမက ဆိုပါတယ်။
ချစ်သူက သူမအပေါ် သစ္စာမရှိခဲ့ရင်ရော ဘာလုပ်မလဲဆိုတဲ့ မေးခွန်းကိုလည်း သူမရဲ့အတွေးအမြင်အတိုင်း ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။ ဒီလိုမေးခွန်းမျိုးဟာ ဆယ်လီအများစု ရှောင်ကြဉ်ကြတဲ့ မေးခွန်းဖြစ်ပေမဲ့ ဆောင်းဂျီဟိုကတော့ သူမရဲ့အတွေးအမြင်ကို ပရိသတ်ကို ဝေမျှဖို့ နောက်မတွန့်ခဲ့ပါဘူး။
play

"တစ်ကြိမ်လောက်ဆိုရင်တော့ ကျွန်မအထင်မှားတာများလားဆိုပြီး ဒီအတိုင်း ထားဖြစ်လိမ့်မယ်ထင်တယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးနဲ့ သူ နောက်တစ်ကြိမ် ထပ်တွေ့ရင်တော့ ကျွန်မ သူ့ကို လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူး။ ကျွန်မ သံသယဖြစ်နေပေမဲ့ ဘာသက်သေမှ လက်ဆုပ်လက်ကိုင် မရှိနေဘူးဆိုရင်တော့ သက်သေတွေရဖို့ သူ့ကို ချောင်းမြောင်းနေမှာ မဟုတ်ဘူး။ ကျွန်မ  သူ့ကိုပဲ တိုက်ရိုက်မေးလိုက်မှာ" လို့ ဆောင်းဂျီဟိုက ပြောပြခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ် နာမည်ကြီး တောင်ကိုရီးယားမင်းသမီးဟာ SBS ရုပ်သံလိုင်းရဲ့ အောင်မြင်မှုအကြီးမားဆုံး ရုပ်သံအစီအစဉ်ဖြစ်တဲ့ Running Man အစီအစဉ်မှာလည်း ပါဝင်သူဖြစ်ပါတယ်။
Source & Photos : Allkpop   

Credit :duwun