Breaking News

ခိုင်လီဂျန်နာဆီက ကန်ဒဲလ်ဂျန်နာလိုချင်တဲ့ အရာ ၃ ခု


play

အခွင့်အရေးရမယ်ဆိုရင် ညီမဖြစ်သူ ခိုင်လီဂျန်နာဆီက ခိုးယူချင်တာ ၃ ခု ရှိတယ်လို့ ကန်ဒဲလ်ဂျန်နာက သူမရဲ့ ဝက်ဘ်ဆိုဒ်မှာ ပွင့်ပွင့်လင်းလင်း ရေးသားခဲ့တာ ဖြစ်ပါတယ်။
"ပထမဆုံး ခိုင့်ဆီက ကျွန်မ ခိုးမယ့်အရာတွေက ခွေးလေးတွေပဲ။ Mew က သူငယ်ချင်းတွေ လိုအပ်တယ်" လို့ ကန်ဒဲလ်က ရေးသားထားပါတယ်။ Mew ဆိုတာ ကန်ဒဲလ်ရဲ့ ခွေးလေးဖြစ်ပြီး ခရစ္စမတ်တုန်းက သူမကို ခိုင်လီက လက်ဆောင်ပေးထားတာပါ။
play

"ခိုင်လီ့မှာ မိသားစုဓာတ်ပုံတွေ အများကြီးလည်းရှိတယ်။ ကျွန်မရဲ့အိမ်သစ်အတွက် အဲဒါတွေကို ခိုးချင်တယ်" လို့ ကန်ဒဲလ်က ဆိုပါတယ်။
တတိယတစ်ခုအဖြစ် ညီမဖြစ်သူရဲ့ အဝတ်အစားတွေကို ရွေးရကောင်းမလား ခိုင်လီရဲ့ အားကျစရာကောင်းတဲ့ အလှအပကျွမ်းကျင်မှုကို ရွေးရကောင်းမလားဆိုတာ ကန်ဒဲလ်တစ်ယောက် မဝေခွဲနိုင်ဖြစ်နေခဲ့ပါတယ်။
play

"နောက်ဆုံးတစ်ခုအနေနဲ့ လိုချင်တာနှစ်ခုဖြစ်နေတဲ့။ သူ့ရဲ့အလှအပကျွမ်းကျင်မှုနဲ့ များပြားလွန်းတဲ့ Hoodies တွေ၊ Tracksuit တွေ ဘယ်ဟာရွေးရမလဲ မသိဘူး" လို့ ကန်ဒဲလ်က ရေးသားထားပါတယ်။
ပရိသတ်ကြီးဆိုရင်ရော ဘယ်ဟာလိုချင်မလဲ။ တစ်ခုကို မြန်မာငွေ ၇ သောင်းခန့်တန်တဲ့ Kylie နှုတ်ခမ်းနီတောင့်တွေဆိုရင်ရော။
Source & Photos: Vogue
Credit :duwun